Connect with us

Videos

တရုတ်နိုင်ငံတွင် နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

နန်ကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အသက်ဆုံးရှုံးခဲ့သူ ၃၀၀,၀၀၀ အား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ၏ နဝမအကြိမ်မြောက် နိုင်ငံတော်အဆင့်အောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့ရာ နန်ကျင်းပြည်သူများသည် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီး မြို့အနှံ့ အချက်ပေးဥဩဆွဲခြင်းများ ပြုလုပ်ခဲ့ကြသည်။အေးစက်နေသာ ဆောင်းရာသီကာလ ဖြစ်သော်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့၌ ကျင်းပသော အဆိုပါအခမ်းအနားကို ထောင်နှင့်ချီသော ပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရင်ဘတ်တွင် အဖြူရောင်ပန်းတပ်ဆင်ကာ ပါဝင်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခဲ့သည်။

နံနက် ၁၀ နာရီ ၀၁ မိနစ်တွင် အချက်ပေးဥဩဆွဲသံများ စတင်ခဲ့ပြီး မြို့၏ လှုပ်ရှားမှုများ ခေတ္တရပ်တန့်ခဲ့သည်။ မြို့လယ်ကောင်၌ မောင်းနှင်သွားလာနေသော ယာဉ်များရပ်တန့်ပြီး ဟွန်းများတီးခဲ့ကြသလို သွားလာနေသူများကလည်း တစ်မိနစ် ငြိမ်သက်ကာ အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

လူငယ်လူရွယ်များက ငြိမ်းချမ်းရေးကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးခေါင်းလောင်းထိုးခဲ့ကြသည်။ ငြိမ်းချမ်းရေး၏အမှတ်သင်္ကေတဖြစ်သော ခိုဖြူများကို ဂျပန်ကျူးကျော်သူများကြောင့် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများအား အောက်မေ့ဖွယ်ခန်းမ ရင်ပြင်တွင် လွှတ်ပေးခဲ့သည်။

နန်ကျင်း ဖြစ်ရပ်သည် ဂျပန်စစ်တပ်က ယင်းမြို့ကို သိမ်းပိုက်ချိန် ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရက်သတ္တပတ် ၆ ပတ်ကျော် ကာလအတွင်း ၎င်းတို့ သတ်ဖြတ်ခဲ့သော အရပ်သားနှင့်လက်နက်မဲ့စစ်သား ၃၀၀,၀၀၀ ကျော်ရှိရာ ဒုတိယ ကမ္ဘာစစ်အအတွင်း အရက်စက်ဆုံး ကိစ္စရပ် တစ်ခု ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုရေးအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်ကို နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်နေ့ သတ်မှတ်ရန် ၂၀၁၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

ယင်းဖြစ်ရပ်တွင် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများအနက် ၇ ဦးက ယခုနှစ်တွင် သေဆုံးခဲ့ရာ မှတ်တမ်းတင်ထားသော အသက်ရှင်ကျန်ရစ်သူ ၅၄ ဦးသာ ကျန်ရှိပါတော့သည်။ ၎င်းတို့၏ ပျမ်းမျှအသက်မှာ ၉၂ နှစ်ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————
GLOBALink | China holds national commemoration for Nanjing Massacre victims
The people of Nanjing observed a minute of silence, and sirens were heard across the city, as China proceeded with its ninth national memorial ceremony Tuesday to mourn the 300,000 victims of the Nanjing Massacre.
Despite the winter chill, thousands of people attended the ceremony in Nanjing, east China’s Jiangsu Province, with white flowers pinned to their chests conveying condolences. In front of the crowd, China’s national flag flew at half-mast.
At 10:01 a.m., sirens began to blare and the city came to a halt. Drivers in the downtown area stopped their cars and sounded their horns, while pedestrians paused for a minute of silence in remembrance of the victims.
Teenagers read out a declaration calling for peace and citizen representatives struck the Bell of Peace. White doves, symbolizing hope for peace, were released to fly over the square of the Memorial Hall of the Victims in Nanjing Massacre by Japanese Invaders.
The Nanjing Massacre took place when Japanese troops captured the city on Dec. 13, 1937. Over six weeks, they killed more than 300,000 Chinese civilians and unarmed soldiers in one of the most barbaric episodes of World War II.
In 2014, China’s top legislature designated Dec. 13 as the national memorial day for the victims of the Nanjing Massacre.
Seven survivors of the massacre passed away this year, reducing the total number of registered survivors to 54. The remaining survivors have an average age of more than 92.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.