Connect with us

News

တရုတ်နိုင်ငံက မိုဘိုင်းအင်တာနက် ဝန်ဆောင်မှု ပျမ်းမျှနှုန်းထား ၂၀ ရာခိုင်နှုန်းကျော် လျှော့ချမည်

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည်အစည်းအဝေးမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ပျမ်းမျှနှုန်းထား ၂၀ ရာခိုင်နှုန်းကျော် လျှော့ချမည် ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Broadband ဝန်ဆောင်မှု ပျမ်းမျှနှုန်းထားအား ၁၅ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်ကြောင်း အလုပ်အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာသည် မတ်လ ၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ဥပဒေပြုအစည်းအဝေးမတိုင်မီ မီဒီယာသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)