Local
ကျောက်စိမ်းအတွဲ ငါးရက်အတွင်း အတွဲပေါင်း ၃,၈၈၀ တွဲ ရောင်းချနိုင်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ငါးရက်အတွင်း ကျောက်စိမ်း အတွဲပေါင်း ၃,၈၈၀ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကျောက်စိမ်းအတွဲများကို ဇွန်လ ၂၈ ရက်မှစ၍ ရောင်းချခဲ့ရာ ဇူလိုင်လ ၃ ရက်ထိ ကျောက်စိမ်း အတွဲပေါင်း ၃,၈၈ဝ တွဲကို ရောင်းချခဲ့ပြီး ဖြစ်၍ စုစုပေါင်းရောင်း ချရငွေမှာ ယူရို ၄၂၇.၁၁ သန်း ဖြစ်ကြောင်း သိရသည်။
ယခင်နေ့များက ပုလဲ အတွဲပေါင်း ၃၁၂ တွဲကို ယူရို ၃.၁၂ သန်း ၊ ကျောက်မျက် အတွဲပေါင်း ၆၃ တွဲကို ယူရို ၃.၂၉ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ယင်းပြပွဲတွင် ဇူလိုင်လ ၄ ရက်၌ ကျောက်စိမ်း အတွဲပေါင်း ၆ဝ၊ ဇူလိုင် ၅ ရက်တွင် ကျောက် စိမ်းတွဲ ၆ဝ နှင့် ဇူလိုင် ၆ ရက်တွင် ကျောက်စိမ်းတွဲ ၄၆ တွဲများကို ဈေးပြိုင် စနစ်ဖြင့် ဆက်လက် ရောင်းချမည် ဖြစ်သည်။ (Xinhua)