Connect with us

Local

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်းကို ယနေ့မှ စထုတ်ပြန်မည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်း ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက်နေ့မှစတင်ထုတ်ပြန်မည်ဖြစ်ပြီး ယင်းမှာ နေ့တစ်နေ့အတွက် အဆိုပါနေ့တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းများ မှ ရယူသတ်မှတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်နှုန်း ထုတ်ပြန်သည့်အချိန်ကိုလည်း နေ့တစ်နေ့အတွက် အချက်အလက်အားလုံးရရှိနိုင်သည့် အချိန် ညနေ ၄း၀၀ နာရီ သို့ပြောင်းလဲထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ်သည် ယခုအခါတွင် ရည်ညွှန်းငွေလဲလှယ်နှုန်း ကို အရောင်းအဝယ် နှစ်မျိုးပြုလုပ်သောနိုင်ငံခြားငွေလေလံဈေးကွက် (two-way auction) မှ cut-off rate ဖြင့် အခြေခံ သတ်မှတ်ခြင်း ကို ကျင့်သုံးနေပြီး ယင်းစနစ်မှာ ၂၀၁၂ ခုနှစ်က နိ င်ငံ ခြား ငွေကြေးဈေးကွက် တိုးတက်မှုအတွက် ပံံံ့ပိုးပေးရန် စတင်ကျင့်သုံးခဲ့ သောစနစ် ဖြစ်ကြောင်း၊ ယင်းလေလံစနစ်သည် နိုင်ငံခြား ငွေ ကြေးဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု နှင့်ဈေးနှုန်းသတ်မှတ် ပေးမှု တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဘဏ်အချင်းချင်း (Interbank) ဈေးကွက်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ဝ.၀၁ ဘီလျံ မျှ သာအရောင်းအဝယ်ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အ မရိကန်ဒေါ်လာ ၂ ဘီလီယံသို့ တိုးတက်ခဲ့ပြီး ဆက်လက်၍လည်း တိုးတက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်ဖွံံံံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင် ရေးအတွက် နိုင်ငံတကာဗဟိုဘဏ်များ ကျင့်သုံးသည့်စနစ်နှင့်အညီဈေးကွက်ကို အခြေခံ ၍ပျမ်းမျှအလေး ပေးတွက်ချက်သောရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်ရည်ညွှန်းငွေလဲလှယ်နှုန်း ကို နံနက် ၉း၀၀ နာရီ နှင့် နေ့လည် ၃း၀၀ နာရီ အကြားရောင်းဝယ်မှုများအပေါ် အခြေခံ၍ ဘဏ်ဖွင့်ရက်တိုင်း ညနေ ၄း၀၀ နာရီ တွင်ထုတ်ပြန်ကြေညာ မည်ကြောင်း၊ ဈေးကွက်ငွေလဲလှယ်နှုန်း ကိုပျမ်းမျှအလေးပေးတွက်ချက်သတ်မှတ်သည့် နည်းစနစ်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဝက်ဆိုက်တွင် တွေ့နိုင်ကြောင်း သိရသည်။ မြန်မာကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေကြေးများ ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းကို forex.cbm.gov.mm တွင် ကြည့်ရှုနိုင် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.