ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်တွင်း/ပြည်ပများတွင် အလုပ်လုပ်ကိုင်ရန်အတွက် စက်တင်ဘာလအတွင်း လုပ်သား သုံးသောင်းကျော် ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမားရှာဖွေ ရေးရုံးထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလော ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည်အားကောင်းလာကြောင်း မြန်မာနိုင်ငံတွင် မုန်တိုင်းစက်ဝန်းအတွင်း ကျရောက်သည့် ဒေသများကို ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ .၃ ဘီလီယံကျော်ရှိပြီး ပို့ကုန်များ ထဲတွင် အများဆုံး ပို့ကုန်အဖြစ် ရပ်တည်နေကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြား သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင်များက ခေတ္တရပ်နားထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနိုင်မည့် KBZ UnionPay အကြွေးဝယ်ကတ်အား ယနေ့အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဇ အုပ်စု ၊ ကမ္ဘောဇဘဏ် လီမိတက်မှ စတင် မိတ်ဆက်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ပြည်ပဈေးကွက် ဝယ်လိုအားနှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှု အခြေအနေတို့ အရ တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့် Re-export စနစ်နှင့်လိုင်စင် လျှောက်ထားမှု များကို ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လမ်းကြောများ၌ ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ဝက် ၊ ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ နယ်စပ် ကုန်သွယ်ရေး စခန်း များ၏ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် အလားတူ ကာလထက် အမေရိကန်...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) သတ္တုတွင်းထွက် ပစ္စည်းရောင်းဝယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ သတ္တုစတော့ဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။