Connect with us

Local

ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ (MOI)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ် ခွင့်ပြုပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှလည်း လိုအပ်သော ဝန်ဆောင်မှုများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုကြောင်း ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထပ်မံ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများအား လည်းကောင်း၊ ပြည်နယ် အတွင်းနှင့် စက်မှုဇုန်ရှိ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကွင်းဆင်း ဝန်ဆောင်မှုပေးခြင်းအား လည်း ကောင်း၊ ၂၀၁၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် စတင်အသုံးပြုမည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးမှ စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ တိုးချဲ့မှုနှင့် ပတ်သက်၍လည်းကောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.