Connect with us

Local

ကုမ္ပဏီများမှတ်ပုံတင်ရန်နှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်လမ်းညွှန် ချက်အား ရင်းနှီးမြှုုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်

ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရန်လမ်းညွှန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ Myanmar Companies Online (MyCO) တွင် ကုမ္ပဏီများမှတ်ပုံတင်ရန်နှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်လမ်းညွှန် ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်အတွက် အဆင့်(၁) အင်တာနက်စာမျက်နှာ www.myco.dica.gov.mm သို့ ဝင်ရောက်ရန်၊

(၁-၈-၂၀၁၈ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင်စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။)

အဆင့်(၂) အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အသုံးပြုသူသည် MyCO ID ဖွင့်ရန် လိုအပ်သဖြင့် ၎င်းစာမျက်နှာတွင် အသုံးပြုသူ၏ သတင်းအချက်အလက်များ ဖြည့်သွင်းရန်၊

အဆင့်(၃) အီလက်ထရောနစ် မှတ်ပုံတင်စနစ်သို့ ဝင်ရောက်ရန် MyCO ID ဖြင့် LOGIN လုပ်ရန်၊

အဆင့်(၄) ကုမ္ပဏီအသစ် တစ်ခုမှတ်ပုံတင်ရန် ကုမ္ပဏီအမျိုးအစားပေါ်မူတည်၍ သတ်မှတ် ပုံစံရွေးချယ်ပါ။ ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအမည် ကိုရွေးချယ်ရန်၊ကုမ္ပဏီနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ဖြည့်သွင်း၍ ပေးပို့ရန်၊အဆင့်(၅) ကုမ္ပဏီအသစ်တစ်ခု မှတ်ပုံတင်ပြီးကြောင်း သို့မဟုတ် ပြန်လည်မှတ်ပုံတင်ပြီးကြောင်း သင်၏ အီးမေးလ်သို့ ပြန်ကြားစာပေးပို့မည်ဖြစ်ကြောင်း သိရသည်။

အင်တာနက် မူလစာမျက်နှာတွင် ရှိသောကုမ္ပဏီများရှာဖွေရန်နေရာတွင် ကုမ္ပဏီအမည် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင် အမှတ်ဖြင့် စစ်ဆေးနိုင်ကြောင်း၊ ကုမ္ပဏီများဆိုင်ရာကိစ္စများအတွက် www.dica.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.