Connect with us

Local

မြန်မာ့ စီးပွားရေး ၂၀၁၈-၁၉ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်နိုင်

မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mr.GevorgSargsyan အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင်၁၂ ရက် (ဆင်ဟွာ)

၂၀၁၈ မေလတွင် ထုတ်ပြန်ခဲ့သောကမ္ဘာ့ဘဏ် အုပ်စု၏ မြန်မာ့ စီးပွားရေးစောင့်ကြည့် အစီရင်ခံ ခြင်း(MEM:_ Myanmar Economic Monitor) အရ မြန်မာနိုင်ငံ၏ GDP မှာတိုးတက်လာလျက် ၇ှိပြီးအခြားသော စီးပွားရေးဆိုင်ရာညွှန်းကိန်းများလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုအားကောင်းလာရန် ဆောင်ရွက်ပေးဖို့ လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Mr. GevorgSargsyanယနေ့ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကလက်ရှိနှုန်းထက် ပိုမိုတိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်၊ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟာလူ့စွမ်းအားရင်းမြစ်ဆိုင်ရာလိုအပ်ချက်တွေကို မြှင့်တင်ပေးနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် တီထွင် ဖန်တီးနိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်တွေ မြှင့်တင်ပေးဖို့ လိုအပ်သလိုပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုအားကောင်းလာအောင် ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်”ဟုနေပြည် တော် Hilton Hotel တွင် ယနေ့ နေ့လယ်ပိုင်းကျင်းပသော “မသေချာမရေရာမှုများ ကြားမှ တိုးတက်လာသော မြန်မာ့ စီးပွားရေး” ဆိုင်ရာဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးအမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ စီးပွားရေးစောင့်ကြည့် အစီရင်ခံခြင်း (MEM) အရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၂၀၁၆ – ၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ – ၁၈ တွင် ၆ ဒသမ ၄ သို့ရောက်၇ှိလာခဲ့ပြီး ၂၀၁၈ – ၁၉ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိဆက်လက်ကောင်းမွန်နိုင်ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားဖော် ဆောင် နိုင်ရန် မြန်မာနိုင်ငံအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရျိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ် အရာရှိများဆွေးနွေးကြသည့် အဆိုပါ ဆွေးနွေးပွဲကိုစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ပြီးစီမံ – ဘဏ္ဍာဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက တက်ရောက် အမှာစကားပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP:_ Myanmar Sustainable Development Plan) မှာဖော်ပြထားတဲ့အတိုင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အခြားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိအောင် ဦးတည် ကြိုးပမ်းရာမှာမေခရိုစီးပွားရေးစီမံခန့်ခွဲမှု အားကောင်းဖို့က မရှိမဖြစ် လိုအပ်ပါတယ်၊ MSDP က နိုင်ငံအတွက် တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်မှုတွေကိုယူဆောင်လာပေးမယ့် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကိုအသုံးချနိုင်ဖို့ ရေးဆွဲထားခြင်း ဖြစ်ပါတယ်” ဟုဒုတိယ ဝန်ကြီးကပြောခဲ့သည်။

အဆိုပါ မြန်မာ့ စီးပွားရေးဆွေးနွေးပွဲ၌ မြန်မာ့ ဖွံ့ဖြိုးမှု အဖွဲ့အစည်းအကြီးတန်းသုတေသနပညာရှင် ဒေါက်တာခင်မောင်ညွန့်က ကြားခံဆွေူးနွေးပေးသူအဖြစ် တာဝန်ယူပြီး အစိုးရဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ အဆင့်မြင့် အရာရှိကြီးများက ပါဝင် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.