Connect with us

Local

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရောင်းချပေးလျက်ရှိ

အမေရိကန်ဒေါ်လာ နှင့် ကျပ်ငွေများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို ဒေါ်လာရောင်းချပေးလျက်ရှိပြီး ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိကာ ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ ရှစ်သိန်း ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဗောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဒေါ်လာဈေးက နိုင်ငံတကာမှာလည်း တက်နေတာ ဖြစ်တဲ့အတွက် ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်ကို ပြည်သူတွေ ခဏတော့ စောင့်ကြည့်စေချင်ပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ဒေါ်လာက ဈေးကွက် မှာ ဝယ်လိုအားကများနေတုန်း ပဲ ရှိသေးတယ်။လက်ရှိဒေါ်လာဈေးနှုန်းက မှန်းရခက်တဲ့ အနေအထား ပဲ ရှိတယ်။ အတက်ကြမ်းသလို အကျလည်း ကြမ်းနိုင်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

သြဂုတ်လ ၈ ရက်နေ့ တွင် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် တစ်ဒေါ်လာပေါက်ဈေးသည် ၁၄၃၈ကျပ် ရှိပြီး၊ ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာ ၁၄၇၁ ကျပ် ရှိပြီး ပို့ကုန်ဝင်ငွေ သည် တစ်ဒေါ်လာ ၁၄၇၄ ကျပ်ပေါက်ဈေးရှိကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို အမေရိကန် ဒေါ်လာများ ပိုမိုမြှင့်တင်ရောင်းချပေးသွားရန် အစီအစဉ် ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေဈေးကွက်၏ အနေအထားကို ပုံမှန်စောင့်ကြည့်စစ်ဆေး နေပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမည့် ဈေးကစားမှုများကို ကြပ်မတ် ကွပ်ကဲလျက်ရှိကြောင်း၊ ထို့ပြင် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲလှယ်နှုန်းသည် ဘဏ်အချင်းချင်းအကြား အရောင်း အဝယ်ရှိမှုအပေါ် အဓိကမူတည်သတ်မှတ် နေခြင်းကြောင့် ဈေးကွက်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဈေးနှုန်းတစ်ရပ် ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.