Connect with us

Local

တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ယမန်နှစ်ထက် ကျပ် ၈၇ ဘီလီယံ ပိုမိုထောက်ပံ့မည်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေကို ယမန်နှစ်ကထက် ကျပ် ၈၇ ဘီလီယံ ပိုမိုထောက်ပံ့ရန်လျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လိုငွေကို ဖြည့်ဆည်းပေးးရန်အတွက် ယခင်နှစ်ကဲ့သို့ ညွှန်းကိန်း ခြောက်ခုဖြင့် တွက်ချက်ပြီး ယခင်နှစ် ထောက်ပံ့ငွေထက် ကျပ် ၈၇ ဘီလီယံ ပိုမိုပြီး ၂၀၁၈ – ၁၉ ဘဏ္ဍာ နှစ်မှာ ထောက်ပံ့ငွေ ကျပ် ၁ ဒသမ ၇၉၄ ထရီလီယံ လျာထားပေးခဲ့ပါတယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာန အဖွဲ့အစည်းများ၏ အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းအရ ၎င်းဌာန အဖွဲ့အစည်းများ၏ စုစုပေါင်း ရငွေမှာ ကျပ် ၁၀၆၅ (GDP ၏ ၁ ဒသမ ၀၀ ရာခိုင်နှုန်း) ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၂၈၅၉ ဘီလီယံ (GDP ၏ ၂ ဒသမ ၆၉ ရာခိုင်နှုန်း) ရှိပြီး လိုငွေမှာ ကျပ် ၁၇၉၄ ဘီလီယံ ( ၁ ဒသမ ၇၉၄ ထရီလီယံ) ရှိကြောင်း၊ အဆိုပါ လိုငွေကို ပြည်ထောင်စုက ဖြည့်ဆည်းပေးထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခွဲဝေပေးသည့် အခွန်ဝေစုနှင့် ပတ်သက်၍လည်း ၎င်းက “နိုင်ငံပိုင် ကဏ္ဍမှ ကောက်ခံရရှိတဲ့အခွန် ကျပ် ၅၄ ဒသမ ၂၅၅ ဘီလီယံကို နှစ်လတ် ဘဏ္ဍာရေး မူဘောင်အရ ခွဲဝေတွက်ချက်ပေးခဲ့ပါတယ်၊ ပုဂ္ဂလိကနဲ့ သမဝါယမ ကဏ္ဍတို့က တင်သွင်းတဲ့ သွင်းကုန်တွေအပေါ် ကောက်ခံရရှိတဲ့ အခွန်ငွေတွေမပါ ကုန်သွယ် လုပ်ငန်းခွန်ရဲ့ ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်ရဲ့ ၁၅ ရာခိုင်နှုန်း၊ ပုဂ္ဂိုလ် တစ်ဦးချင်းထံမှ ဝင်ငွေခွန်ရဲ့ ၅ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်ရဲ့ ၂ ရာခိုင်နှုန်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ခံရရှိခဲ့တဲ့ အပေါ် မူတည်ပြီး ခွဲဝေပေးခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ထိုသို့ခွဲဝေပေးသော စုစုပေါင်း ပမာဏမှာ ကျပ် ၃၃၆ ဒသမ ၉၁၈ ဘီလီယံ ရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ် ၃၂ ဒသမ ၂၀၀ ဘီလီယံကိုလည်း ယခင်နှစ်များ နည်းတူ လျာထားပေးခဲ့ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117