Connect with us

Local

ပုဂ္ဂလိကလုပ်ငန်းများ ငွေကြေးအထောက်အပံ့ရရှိရေးဆွေးနွေး

ပုဂ္ဂလိကကဏ္ဍမှ ငွေကြေးရရှိနိုင်မှုအခွင့်အလမ်းများ နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အသေးစား နှင့် အလတ်စားလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု၊ ကုန်သွယ်လုပ်ငန်း ထောက်ပံ့မှုတို့အပြင် ဘဏ်ချေးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်ကာ ဗဟိုဘဏ်မှတာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် ပို့ကုန် သွင်းကုန် ပမာဏကွာခြားချက်ကို လာမည့် ဘဏ္ဍာနှစ်တွင် ထက်ဝက်ခန့်အထိလျှော့ချနိုင်ရန် ရည်ရွယ်၍ လယ်ယာကဏ္ဍ ချေးငွေထောက်ပံ့မှုကို ငွေကျပ် ဘီလီယံ ၁၇၀၀ အထိ သုံးစွဲမည်ဖြစ်ပြီး ကျန်ကဏ္ဍများအတွက် ချေးငွေ ပိုမိုထောက်ပံ့နိုင်ရန် ပုဂ္ဂလိကကဏ္ဍဖွံဖြိုးရေးကော်မတီမှ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဆွေးနွေးပွဲတွင် ငွေကြေးထောက်ပံ့မှုကို အဓိကလိုအပ်နေသည့် ကဏ္ဍများဖြစ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၊ လက်ခစားလုပ်ငန်းများ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများအတွက် လိုအပ်ချက်များအား အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.