ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရမှ တရားမဝင် ကုန်သွယ်မှုများ အပေါ် တိကျပြတ်သားစွာ ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ယနေ့ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့၌ မြန်မာ့...
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် စတင် ပြေးဆွဲမည့် မော်တော်ယာဉ်လမ်းကြောင်း အသစ်များနှင့် ပတ်သတ်၍ ကားမှတ်တိုင်များတွင် အများပြည်သူများ၏ အခက်အခဲများအား ကူညီ ဆောင်ရွက်ရန် စေတနာဝန်ထမ်းများအား ဖိတ်ခေါ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (M.I.C) က ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၄ ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အီတလီအစိုးရ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သည့် အီတလီကုန်သွယ်ရေးအေဂျင်စီ (Italian Trade Agency – ITA) သည် မြန်မာ့စီးပွားရေးလုပ်ငန်းများအနေဖြင့် အီတလီကုမ္ပဏီများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်စက်မှုအသင်းချုပ်သို့ ဆက်သွယ်လာကြောင်း ကုန်သည်စက်မှုအသင်းချုပ် (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့အတွင်း၌ လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်းကာ ဇန်နဝါရီ ၁၆ ရက်မှစတင်ပြီး ယာဉ်လိုင်း အသစ် ၅၈ လိုင်းဖြင့် ပြောင်းလဲ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဆွာလောင်းကျေးရွာတွင် ပြည်တွင်း၊ပြည်ပ ဧည့်သည်များ လက်ခံရန် ရပ်ရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း ဖွင့်လှစ်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှအမေရိကန်ဒေါ်လာ ၈.၇၀၆ သန်းဖိုးရှိ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ဆန်နှင့် ပို့ကုန်ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်မည့် သီလဝါ ပူးပေါင်းဆိပ်ခံတံတားကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO)ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာမည့် ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရသိရသည်။