Connect with us

Local

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ (၂၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ လုပ်ငန်းရှင်များ၏အခက်အခဲ အကြံပြု တင်ပြချက်အားလုံး အကြောင်းပြန်ကြားပြီးဖြစ်

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၂၃ ကြိမ်မြောက်တွေ့ဆုံပွဲအားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ (၂၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ လုပ်ငန်းရှင်များ၏အခက်အခဲ အကြံပြု တင်ပြချက်အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြား ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်များရှိသကဲ့သို့ အချို့ အချက်များ သည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက် ပေးရမည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဥပမာ- ပြီးခဲ့သည့် (၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အခက်အခဲ၊ အကြံပြုတင်ပြချက်ပေါင်း (၁၃)ချက်ကို တင်ပြခဲ့ပါကြောင်း၊ ယင်းအချက်များအနက်မှ မြန်မာနိုင်ငံအလှကုန်အသင်းက တင်ပြခဲ့သည့် စားသုံးသူအကာ အကွယ် ပေးရေးဗဟို ကော်မတီမှ ထုတ်ပြန်ထား သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈)အရ ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်မှုပြုရာ၌ ကုန်စည်များတွင်သုံးစွဲပုံနှင့်ပတ်သက်သော သတင်းအချက် အလက် (သို့မဟုတ်) ညွှန်ကြား ချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြခြင်းကို အမိန့်ကြော်ငြာ စာထုတ်ပြန်သည့် နေ့မှ ခြောက်လပြည့်မြောက်သည့်နေ့တွင် အကျိုးသက်ရောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ အချိန်လုံလောက်မှုမရှိသောကြောင့် သင့်လျော်သော အချိန်ကာလ တစ်ခုသို့ ရွှေ့ဆိုင်းပေးရန်တင်ပြခဲ့မှုအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ဖြေလျှော့ ပေးနိုင် မည့် အခြေအနေများကို အမြန်ဆုံးပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စတွင် ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်က တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင် ရွက်ပေးရမည်ဖြစ်၍ အချိန်တစ်ခုထိ စောင့်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချက်ချင်းမပြီးပြတ်ဘဲ အချိန်ယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း သိရသည်။

ဒုတိယသမ္မတဦးမြင့်ဆွေက “ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးမူ ဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော် သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲများကို သက်ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများဖြင့် လည်း ကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များဖြင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေး နိုင်ရန် အတွက် လုပ်ငန်းကော်မတီ (၅)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါတယ်’’ ဟုပြောအဖွင့်အမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ် တွင် ဇန်နဝါရီ လ ၁၂ ရက် နေ့ တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေး မှူးချုပ်များ၊ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင် များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.