Connect with us

Local

ပြည်တွင်းထုတ်ကုန်များကို ပိုမို အားပေး သုံးစွဲ နိုင်စေရေး ရည်ရွယ်ချက်များဖြင့် Made In Myanmar- ပြည်တွင်းဖြစ်ကို အားပေးပါ ကုန်စည် ပြပွဲ ကျင်းပ

“Made In Myanmar - ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

မြန်မာ့ ပြည်တွင်း ထုတ်ကုန်များကို ပိုမိုအားပေးသုံးစွဲနိုင်စေရေး ၊ နိုင်ငံတကာ အဆင့်မီ အထိ အရည်အသွေး တိုးမြင့်စေရေး နှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် ပိုမိုကျယ်ပြန့်သော စီးပွားရေးဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ “Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား ယနေ့ဇန်နဝါရီ ၄ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ၊ စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ကုန်စည် ပြပွဲအား ပြည်တွင်းဖြစ် ထုတ်ကုန် ပစ္စည်းများ ၊ ဆန်းသစ် လာသည့် အတွေးအမြင်များ နှင့် ထုတ်လုပ်လာသော ထုတ်ကုန် ပစ္စည်းများ ၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် အတွေးအမြင်များ နှင့် ပေါင်းစပ်ပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ၊ စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြပွဲ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

“အခုဆိုရင် မြန်မာ့ထုတ်ကုန်တွေဟာ အဆင့်အတန်း မီမီနဲ့ပြောင်းလဲပြီး Idea အသစ်တွေနဲ့လူသုံးကုန်တွေ ၊ စားသောက် ကုန်ပစ္စည်းတွေ ၊ အလှကုန် ပစ္စည်းတွေမှာ နေရာယူလာတာကို တော်တော်များများ တွေ့ရပါတယ်။ဒါပေမယ့် ပြည်တွင်းမှာ ဝင်ရောက်နေတဲ့ ထုတ်ကုန်တွေ အများအပြား ရှိနေသေးတယ်။ဒီနေရာမှာ အစားထိုးဖို့တွေ ၊ ပြည်တွင်း ထုတ်ကုန် ပစ္စည်းတွေ ဒီထက် ပိုကောင်းပြီး တစ်ဆင့် ပိုတက်တဲ့ အရည်အသွေးတွေ ၊ ရိုးရာ ယဉ်ကျေးမှုတွေနဲ့process တွေနဲ့ထိန်းသိမ်းပြီးတော့ တဆင့် ထပ်မြှင့်တင်ဖို့လိုအပ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Creative Hub Marketing Agency မှ Managing Director ဒေါ်စုစုလှိုင်က ပြပွဲ အကြောင်း ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် Creative Hub Marketing Agency မှ Managing Director ဒေါ်စုစုလှိုင်က “ပြပွဲ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ ကုန်ပစ္စည်းတွေက ကမ္ဘာ့အဆင့်မီနေပါပြီ။ကမ္ဘာ့မှာ ရှိတဲ့ ကုန်ပစ္စည်း တွေနဲ့ ယှဉ်လို့ရှိရင် အသုံးပြုနိုင်ပါပြီ။ကြည့်ရှုနိုင်ပါပြီ ဆိုတာကို ဂုဏ်ယူစွာနဲ့ပြသချင်တဲ့ အတွက်ကြောင့် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၃၅ ခန်း ပါဝင်ပြီး ပြည်တွင်း ထုတ်ကုန် ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်များ ၊ အဝတ်အထည် နှင့် အလှကုန်များ ၊ တိုင်းရင်း ဆေးဝါး ပစ္စည်းများ ၊ အမှတ်တရ/လက်မှု ပစ္စည်းများ ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသဖြင့် အမျိုးအစားပေါင်း ၃၀၀ ခန့်ပါဝင်ကြောင်း သိရသည်။

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

ထို့အတူ ပြည်တွင်း လုပ်ငန်းရှင်များ အတွက် လုပ်ငန်း တိုးတက်စေရေး အတွက် Customer Service အပိုင်း ၊ Operation အပိုင်း ၊ Marketing အပိုင်းများတွင် အကြံဉာဏ်ကောင်းများ ရရှိစေရန် အဖွဲ့လိုက် ဆွေးနွေးမှု (Panel Discussion) အစီအစဉ်များဖြင့် ပွဲရက်များ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲ မြင်ကွင်းများ(ဆင်ဟွာ)

ကုန်စည်ပြပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် မျက်လှည့် နှင့် Game,Quiz အစီအစဉ်များ ၊ မြန်မာ့ ယဉ်ကျေးမှု အကအလှများ ၊ စတူဒီယိုတေးသီချင်းများ ၊ မျက်လှည့် နှင့် လူရွှင်တော် အစီအစဉ်များ ပါဝင်မည့် ဖြစ်ကြောင်း သိရသည်။ “Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား ဇန်နဝါရီ ၄ ရက်မှ ၆ ရက် အထိ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၁ နာရီ အထိ ကန်တော်ကြီး (မျှော်စင်ကျွန်း) ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။“Made In Myanmar – ပြည်တွင်းဖြစ်ကို အားပေးပါ” ကုန်စည် ပြပွဲအား နိုင်ငံ အတွင်း အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များအား တစ်စုတစ်စည်းထဲ မြင်တွေ့စေရေး နှင့် ဂုဏ်ယူစွာ အားပေး ဝယ်ယူနိုင်စေရန် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)