Connect with us

Local

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တန်ချိန် ၁၄ သိန်း ကျော်အထိ တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော ပဲများအား သန့်စင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တန်ချိန် ၁၄ သိန်း ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

၂၀၁၈ ခုနှစ်ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁၄ သိန်းကျော်အထိတင်ပို့နိုင်ခဲ့ ကြောင်း ၊ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်း စာလျင် တန်ချိန် တစ်သိန်းခွဲခန့်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ကြောင်း ၊ Quality Market များဖြစ်သည့် အီးယူ ၊ထိုင်ဝမ် ၊ဂျပန် နှင့်တရုတ်သို့လည်း နှစ်စဉ်တန်ချိန် ၃ သောင်းနှင့် ၄ သောင်း ကြားတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပဈေးကွက်အနေဖြင့်လက်ရှိ မတ်ပဲတစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၁၀ ဝန်းကျင် ၊ပဲစင်း ငုံတစ်တန်လျင် ဒေါ်လာ ၄၈၀ ဝန်းကျင် နှင့် ပဲတီစိမ်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ မှ ၁၀၀၀ ကြားဈေး ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.