Connect with us

Local

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ ခုအား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီမှ ခွင့်ပြု

ရန်ကုန်မြို့ အား တွေ့ မြင်ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ဥပဒေ နှင့် အညီ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃ ခုအား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃.၄၂၇ သန်းနှင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁,၁၆၇ နေရာ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ဇန်နဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၉ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီ အနေဖြင့် စက်မှု ကဏ္ဍ၊ ဟိုတယ်ကဏ္ဍ နှင့် အခြား ဝန်ဆောင်မှု ကဏ္ဍ တို့တွင် နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၄၃ ခု နှင့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၆ ခု ၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၉ ခု တို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၆.၂၀၄ သန်း နှင့် မြန်မာကျပ်ငွေ ၁၀၃၈၀.၆၃၆သန်း၊ အလုပ်အကိုင်အခွင့်အလမ်း နေရာ ၂၃,၂၅၈ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန် ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီး မြှုုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာ များကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.