Connect with us

Local

၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ မတ်လတွင် ကျင်းပမည်

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ၂၀၁၈ ခုနှစ် အတွင်း နေပြည်တော်၌ ကျင်းပခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက် အထိ နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီမှ ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲများကို ပြပွဲတွင် တင်ပြ ရောင်းချသွား မည် ဖြစ်ကြောင်း သိရသည်။ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက် များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြုမည် ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ခွင့်ပြုမိန့် နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ၂၀၁၈ ခုနှစ် ၊ ဇွန်လ အတွင်း ပြုလုပ်ခဲ့ရာ ပြည်တွင်း ၊ ပြည်ပ ရတနာ ကုန်သည် စုစုပေါင်း ၅,၁၂၈ ဦး တက်ရောက်ခဲ့ပြီး ပြပွဲတွင် ပုလဲ အတွဲ ၃၄၁ တွဲအား တန်ဖိုး ယူရို ၂.၅၉၈ သန်းဖြင့် လည်းကောင်း ၊ ကျောက်မျက်အတွဲ ၆၉ တွဲအား တန်ဖိုး ယူရို ၁.၃၇၉ သန်း ဖြင့် လည်းကောင်း ၊ ကျောက်စိမ်းအတွဲ ၅,၂၅၉ တွဲကို တန်ဖိုးယူရို ၄၂၃.၁၁၈ သန်းဖြင့် လည်းကောင်း အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117