ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၁,၀၈၂,၀၀၀ က ၁,၁၀၇,၀၀၀ အထိတစ်ပတ်အတွင်း ကျပ် ၂၅,၀၀၀ တက်ခဲ့ကြောင်း ရွှေဈေးကွက်သတင်းများအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။
နေပြည်တော်၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ၂၀၁၉ ဇွန်လ ၈ ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ၆၀၈၉၁ ဒသမ ၉၇၉ ဖိုး ရောင်းခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၁၀ရက်(ဆင်ဟွာ) တရုတ် – မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ လည်းကောင်း၊ ကူမင်းမြို့နှင့် ရန်ကုန်မြို့ အကြား ညီအစ်မ မြို့တော် (Sister City) သဘောတူညီချက်အရ လည်းကောင်း နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်သည့် စနစ် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုနှစ် အတွင်း...
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်း အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည် သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်မည်ဖြစ်ကြောင်း PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter...
နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ယနေ့ ဇွန် ၈ ရက် တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။