Connect with us

Business

မြန်မာနိုင်ငံက နောက်ထပ်နိုင်ငံပေါင်း ၄ နိုင်ငံမှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ဗီဇာကင်းလွတ်ခွင့်ပြု

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားဧည့်သည်များကို ၂၀၁၉ ခုနှစ်၊ မေ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ဘီလာရုစ်နိုင်ငံ၊ မော်ရိုကိုနိုင်ငံ ၊ နီပေါနိုင်ငံ နှင့် ဂျပန်နိုင်ငံ စသည့် နိုင်ငံ ၄ နိုင်ငံမှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်တွင်ပြောသည်။

ဦးအောင်ကိုက “ဒါတွေက visa extension agreement တွေ ထိုးထားပြီးသားပါခင်ဗျ။ ကိုဗစ်ကာလကြောင့် ရပ်သွားတာ။ ဒါတွေက သံတမန်နဲ့ official passport ကိုင်တဲ့သူတွေကို ဟိုးအရင်က နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့နိုင်ငံတွေနဲ့ အပြန်အလှန် agreement ထိုးထားတာရှိပါတယ်။ ကိုဗစ်ဖြစ်တော့ ဗီဇာတွေက ပြန်လျှောက်ရတယ်။ အခုအချိန်မှာတော့ ပြန်ပြီး relax လုပ်တာပါ။ အရင်ကတည်းကတော့ ရှိပြီးသားပါ” ဟုပြောသည်။

ယင်းသို့ဆောင်ရွက်မှုသည် သံတမန်ဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာနိုင်ငံနှင့် ယင်းနိုင်ငံများကြား ခရီးသွားလာရေး တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း စက်တင်ဘာ ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာဖြစ်သည့် Global News Light of Myanmar တွင် ဖော်ပြထားသည်။
သံတမန်များနှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံတွင် ရက်ပေါင်း ၃၀ မှ ၉၀ အတွင်း နေထိုင်ခွင့်ရရှိရန် နှစ်နိုင်ငံအပြန်အလှန် ဗီဇာသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုဆုံးဖြတ်ချက်သည် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Global News Light of Myanmar တွင် ပါရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့် က “အခုလိုဆောင်ရွက်တဲ့အခါ ပိုပြီးပူးပေါင်းဆောင်ရွက်မှုကောင်းတယ်လို့မြင်ပါတယ်။ ဗီဇာလျှောက်နေရရင်တော့ အခက်အခဲရှိတာပေါ့။
ဗီဇာလွယ်တော့ သွားရေး၊ လာရေးလည်းလွယ်တာပေါ့။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုလည်း ပိုကောင်းစေမယ်လို့မြင်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်တွင်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ဗီဇာကင်းလွတ်ခွင့် ပြုထားသောနိုင်ငံများမှာ အဆိုပါ ၄ နိုင်ငံ အပါအဝင် စုစုပေါင်း ၂၄ နိုင်ငံရှိကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ရုရှား၊ ဆားဗီးယား၊ သီရိလင်္ကာနှင့် အာဆီယံအဖွဲ့ဝင်ကိုးနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပထမ ရှစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117