Connect with us

Business

ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ပုဂံဒေသ ခရီးစဉ် ဖော်ဆောင်ထားသော ခရီးစဉ်ဒေသ ၇ ခုကို လာရောက်လည်ပတ်ရန်စိတ်ဝင်စားမှုများပြား

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ သျှောင်ပေစူးဆံကေသာများကို ယနေ့အထိထိန်းသိမ်းထားရှိသော စက်စက်ယိုကျေးရွာရှိ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော ပုဂံဒေသသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများသည် ပုဂံဒေသရှိ ဖော်ဆောင်ထားရှိပြီးဖြစ်သော ခရီးစဉ်ဒေသ ၇ ခုကို လည်ပတ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ သျှောင်ပေစူးဆံကေသာများကို ယနေ့အထိထိန်းသိမ်းထားရှိသော စက်စက်ယိုကျေးရွာရှိ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ သျှောင်ပေစူးဆံကေသာများကို ယနေ့အထိထိန်းသိမ်းထားရှိသော စက်စက်ယိုကျေးရွာရှိ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ သျှောင်ပေစူးဆံကေသာများကို ယနေ့အထိထိန်းသိမ်းထားရှိသော စက်စက်ယိုကျေးရွာရှိ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

အဆိုပါ ခရီးစဉ်ဒေသ ၇ ခုမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်မျက်မှော် ခရီးစဉ်၊ ညောင်ဦးမြို့နယ် အရှေ့တောင်ဘက် သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုလှ ကျေးရွာရှိ နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိ မန်ကျည်းကိုးခွပင်နှင့် ပုဂံခေတ်ကတည်းက ရှိခဲ့ပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားသော ၂၁ ဧကရှိ အင်ကြင်းတော၊ ခေတ်အဆက်ဆက် သျှောင်ပေစူးဆံကေသာများကို ယနေ့အထိထိန်းသိမ်းထားရှိသော ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ စက်စက်ယိုကျေးရွာ၊ ညောင်ဦးမြို့နယ်၏ အရှေ့ဘက် ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း ၁၆ မိုင်ခန့်အကွာရှိ သဲပြင်တောကျေးရွာရုပ်စုံကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ် လဲဂွ၊ လက်ပံအိုင့်ကျေးရွာတို့ရှိ ဂဲမိုးအိုင်ခရီးစဉ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်ရှိ ပုပ္ပားတောင်တက် ခရီးစဉ် တို့ဖြစ်ကြောင်း သိရသည်။

ဦးဝင်းအောင်က “ပုဂံက မြန်မာနိုင်ငံရဲ့ အသည်းနှလုံး Tourist တိုင်းကြိုက်တဲ့နေရာပေါ့။ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးရှိတယ်။ ဗိသုကာလက်ရာတွေလည်းရှိတယ်။ အညာဒေသရဲ့ life style တွေရှိတယ်။ အညာဒေသရဲ့ လူနေမှုစရိုက်တွေ၊ ယဉ်ကျေးမှုတွေကိုလေ့လာတာတွေရှိတယ်။ အညာဒေသရဲ့ အစားအစာတွေကို ရွာရဲ့ ဓလေ့အတိုင်းချက်ပြုတ်စားသောက်ကြတယ်။ နောက်ပြီး ဆီကြိတ်လုပ်ငန်း၊ ထန်းလျက်လုပ်ငန်းတို့၊ နံရံဆေးရေးပန်းချီတွေကိုလည်း လေ့လာကြပါတယ်။ နိုင်ငံခြားသားတွေ အများကြီး ပိုမိုပြီးလာရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် ပုဂံဒေသသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ပုံမှှန်လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
“ဂျာမနီ၊စပိန်၊ ရုရှား နိုင်ငံတွေကနေပြီးတော့လည်း ခရီးသွားဧည့်သည်တွေ လာရောက်ကြတာတွေရှိတယ်။ ပုဂံကိုလေကြောင်းလိုင်းနဲ့ရော၊ Package Tour နဲ့လည်းလာရောက်တာတွေရှိပါတယ်” ဟု ဦးဝင်းအောင်က ပြောသည်။
ပုဂံဒေသတွင် ဘုရားပေါင်း ၃,၈၂၂ ဆူ ရှိကြောင်း သိရသည်။ အဆိုပါ ဘုရားများသို့ သွားရောက်ရာတွင်ပင် အနည်းဆုံး အချိန် ၂ ရက်ခန့် ပေးရကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “ကျွန်တော်တို့ဌာန အနေနဲ့ကတော့ ရှေးဟောင်းအဆောက်အဦတွေ မိုးများလို့ ပျက်စီးတာတွေကို ပြုပြင်တယ်။ နောက်တစ်ခုက မပျက်စီးခင်မှာ ကြိုတင်ကာကွယ်တာတွေဆောင်ရွက်တယ်။ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တဲ့အချိန် ကျွန်တော်တို့ရဲ့ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေက စိတ်ဝင်စားရာကောင်းမှာပါ” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၃ ရက်တွင် ပြောသည်။ (Xinhua)