Connect with us

Business

တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်နိုင်ရေး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်သော Task Force အဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် စပါးစိုက်နေကြသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်နိုင်ရေး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်သော Task Force အဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် စပါးစိုက်နေကြသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် စပါးစိုက်နေကြသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် စပါးစိုက်နေကြသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဦးရဲမင်းအောင်က “သီးနှံအာမခံစနစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊မြန်မာ့အာမခံလုပ်ငန်း က အဓိကဆောင်ရွက်မှာပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ ဝိုင်းဝန်းကူညီတာပါ။ အခုလို စီစဉ်ဖြစ်ရတာကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍက စွန့်စားရတဲ့ risk တွေ များတာပေါ့။ ကျန်တဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းစွန့်စားရမယ့် ကိစ္စတွေ ဆုံးရှုံးနိုင်မယ့် risk တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ risk က ပိုများတာပေါ့။ လယ်ယာစိုက်ပျိုးကဏ္ဍရဲ့ risk တွေက အဓိက ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်တာပေါ့” ဟုပြောသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးများခြင်း၊ မိုးရေ လုံလုံလောက်လောက်မရရှိခြင်း တို့ဖြစ်နိုင်ကြောင်း သိရသည်။
“များသောအားဖြင့်ကတော့ စိုက်ပျိုးရေးက ရေနဲ့ အလုပ်လုပ်ရတာဖြစ်တယ်။ မိုးရေများများရရင်လည်း ရေကြီးပြီး အပင်တွေ ပျက်စီးသလို မိုးရေ လုံလုံလောက်လောက်မရရင်လည်း ကျွန်တော်တို့က အခက်အခဲရှိတယ်။ ဥရောပနိုင်ငံတွေက နှင်းကျတာကို အဓိကထားပြီးလုပ်တယ်။ ကျွန်တော်တို့ အာရှနိုင်ငံတွေကတော့ မိုးရေချိန်ကို အဓိကထားပြီးလုပ်တယ်။ လုံလောက်တဲ့ မိုးရေချိန်ဖြစ်သလား၊ ပိုလျှံတဲ့ မိုးရေချိန်လား၊ လျော့နည်းတဲ့ မိုးရေချိန်လား ဆိုတဲ့ ရာသီဥတုညွှန်းကိန်းတွေကို အခြေခံပြီးတော့ အာမခံထားတာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါ သီးနှံအာမခံစနစ်ကို ယခုနှစ်ဆောင်းသီးနှံရာသီတွင် တောင်သူလယ်သမားများ ပူးပေါင်း ပါဝင်သည့် (Farmer Participatory Approach) ကို အခြေခံဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မကြာခင်ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးဌာနရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ စတင်နိုင်မယ့်အနေအထားဖြစ်ပါတယ်။ ဒါလုပ်နိုင်ရင်တော့ ခုနပြောသလို ဆုံးရှုံးမှုတွေကို စနစ်တကျစီမံခန့်ခွဲနိုင်တာပေါ့။ ဆုံးရှုံးမှုတွေကြောင့် တောင်သူလယ်သမားတွေ နစ်နာသွားရင်လည်း အဆင်မပြေဘူးပေါ့။ ဆုံးရှုံးတဲ့ကိစ္စကို ပြန်ပြီး အာမခံထားတယ်ဆိုတော့ ပျက်စီးဆုံးရှုံးတဲ့အခါ လျော်ကြေးရမှာဖြစ်ပါတယ်။ တောင်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်သွားတဲ့အခါ ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တောင်သူတွေဘက်က လိုအပ်ချက်နဲ့ အာမခံဘက်ကနေ ပံ့ပိုးပေးနိုင်မယ့် အစီအစဉ်နဲ့ ချိတ်ဆက်ပြီး သွားရမှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117