Connect with us

Business

မြန်မာနိုင်ငံက ၆ လ နီးပါးအတွင်း ပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကျော်ရရှိ

ရန်ကုန်ဆိပ်ကမ်းတွင် ရပ်နားထားသော ကုန်သေတ္တာတင်ကားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ခြောက်လတာနီးပါးအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂.၂၃ ဘီလီယံကျော်နှင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅.၀၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။

ပို့ကုန်တင်ပို့မှုများတွင် စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော်ရရှိခဲ့ပြီး ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယအပါအဝင် ပြည်ပကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)