Environment, Disasters & Accidents
တရုတ်နိုင်ငံ အရှေ့ပိုင်း၌ ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးအား ပြန်လည် တွေ့ရှိ
ဟန်ကျိုး၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပျောက်ဆုံးသွားသည့် ကလေး ၃ ဦးအား ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။
ပုကျန်းစီရင်စု၊ ကျဲ့ကွမ်းရွာမှ အသက် ၇ နှစ်အရွယ် ယောကျ်ားလေး တစ်ဦး၊ ၈ နှစ် နှင့် ၁၂ အရွယ် မိန်းကလေး ၂ ဦးတို့အား နေအိမ်မှ ထွက်သွားသည့် ဖေဖော်ဝါရီလ ၁၆ ရက် နေ့လည်ပိုင်းတွင် နောက်ဆုံး တွေ့မြင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသွားသည့် ကလေးများအား ရှာဖွေရန် ကျွမ်းကျင် ကယ်ဆယ်ရေး အဖွဲ့ ၁၀ ဖွဲ့ အပါအဝင် လူပေါင်း ၄,၀၀၀ ကျော် စုစည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။
ပုကျင်း စီရင်စု အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ ကလေး ၃ ဦးအား ဒေသတွင်းရှိ ကျန်းမာရေး ဆေးပေးခန်းသို့ ပို့်ဆောင်ထားပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားလုံး ကောင်းမွန်ကြောင်း သိရသည်။ (Xinhua)