Politics, Law & Military
တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိ အိန္ဒိယနိုင်ငံသို့ သွားမည်

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ဝမ်သည် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နှင့်အတူ ပထမအကြိမ် တရုတ်-အိန္ဒိယ ပြည်သူအချင်းချင်း ဖလှယ်မှုဆိုင်ရာ အဆင့်မြင့် လုပ်ထုံးလုပ်နည်း အစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)