Connect with us

Latin America

အမေရိကန်နိုင်ငံ၏ မျိုးဆက်သစ်ဒုံးပျံ အင်ဂျင်ချို့ယွင်းမှုကြောင့် လကမ္ဘာသို့ လွှတ်တင်မည့် အစီအစဉ် ရွှေ့ဆိုင်းခဲ့ရ

အမေရိကန်နိုင်ငံ NASA ၏ တွန်းအားမြင့် သယ်ဆောင်ရေးဒုံးပျံ “အာကာသလွှတ်တင်ရေးစနစ်” နှင့် ဒုံးပျံထိပ်တွင် တပ်ဆင်ထားသည့်"Orion" အာကာသယာဉ်အား အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Kennedy Space Center ၌ ဧပြီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - NASA)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ NASA ၏ မျိုးဆက်သစ်ဒုံးပျံ “အာကာသလွှတ်တင်ရေးစနစ်”သည် အင်ဂျင်ချို့ယွင်းမှုကြောင့် လကမ္ဘာသို့လွှတ်တင်မည့် အစီအစဉ်ကို သြဂုတ် ၂၉ ရက်က ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ မူလက အဆိုပါဒုံးပျံကို ထိုနေ့တွင် လွှတ်တင်ကာ “Artemis 1” မောင်းသူမဲ့ လကမ္ဘာလှည့်ပတ်ခြင်းစူးစမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။“အာကာသလွှတ်တင်ရေးစနစ်” ကို “Orion” အာကာသယာဉ်ဖြင့် ဩဂုတ်၂၉ ရက် ဒေသစံတော်ချိန် ၈ နာရီ ၃၃ မိနစ်ခန့် (ပေကျင်းစံတော်ချိန် ၂၀ နာရီ ၃၃ မိနစ်ခန့်) တွင် ဖလော်ရီဒါပြည်နယ် Kennedy Space Center မှ အာကာသသို့ လွှတ်တင်ရန် စီစဉ်ထားပြီး အောက်တိုဘာ ၁၀ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ သို့သော် စီစဉ်ထားသည့် အချိန်မတိုင်မီ မိနစ် ၄၀ ခန့်တွင် ဒုံးပျံ၏ အင်ဂျင်ချို့ယွင်းမှုကြောင့် အင်ဂျင်မှာ လွှတ်တင်ရန် သင့်လျော်မည့် အပူချိန်အတိုင်းအတာသို့ ရောက်ရှိနိုင်ခြင်း မရှိကြောင်းနှင့် လွှတ်တင်မည့် ကြာချိန် ၂ နာရီအတွင်း ပြုပြင်ရန် အချိန်မမီသောကြောင့် အဆိုပါ ဒုံးပျံလွှတ်တင်မှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု NASA က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
美国新一代登月火箭因引擎故障推迟发射
新华社洛杉矶8月29日电 美国航天局新一代登月火箭“太空发射系统”29日因引擎故障推迟发射。该火箭原定于当天发射升空,执行“阿耳忒弥斯1号”无人绕月飞行测试任务。
“太空发射系统”原计划搭载“猎户座”飞船于美国东部时间29日8时33分(北京时间29日20时33分)左右从佛罗里达州肯尼迪航天中心发射升空,飞船预计于10月10日返回地球。但在原定发射时间前约40分钟,发射被叫停。美国航天局说,火箭的一个引擎排气出现问题,导致引擎无法达到适宜发射的温度范围,由于来不及在两小时的发射窗口内修复该故障,所以叫停了此次发射。
图说 – 图为2022年4月2日在美国佛罗里达州肯尼迪航天中心拍摄的美国航天局新一代大推力运载火箭“太空发射系统”和安装在火箭顶端的“猎户座”飞船。新华社发(美国航天局供图)