Politics, Law & Military
တရုတ်-အမေရိကန် ဆက်ဆံရေးက သမိုင်းသစ်တွင်သော အစပြုအမှတ်သို့ ရောက်ရှိပြီဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးသည် သမိုင်းသစ်တွင်သော အစပြုအမှတ်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
တရုတ် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက်ပိုင်းတွင် ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံဆွေးနွေးနေစဉ် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထရမ့်သည် သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၈ ရက် နေ့လည်ပိုင်းက ရောက်ရှိလာခဲ့သည်။ (Xinhua)