Politics, Law & Military
တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရိ မြောက်ကိုရီးယားနိုင်ငံသို့ သွားမည်

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ဝမ်သည် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို (Ri Yong Ho) ၏ ဖိတ်ကြားချက်ဖြင့် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန Geng Shuang က သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ (Xinhua)