Politics, Law & Military
[တောင်တရုတ်ပင်လယ် စီရင်မှု ဆန်းစစ်ချက် – ၃ ] တောင်တရုတ် ပင်လယ်အရေးတွင် ဂျပန် နိုင်ငံသည် မည်သည့် အခန်းကဏ္ဍတွင် ပါဝင်လိုသနည်း
ပေကျင်း ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
တောင်တရုတ် ပင်လယ်၏ တည်ငြိမ်အေးချမ်းမှုသည် အချို့သော ပြင်ပ အင်အားစု နိုင်ငံများအား ဆောက်တည်ရာ မရ ဖြစ်စေခဲ့ပြီး တောင်တရုတ် ပင်လယ်တွင် ဖြစ်ပေါ် ခဲ့သည့် ဖြစ်ရပ် အချို့သည်လည်း ထိုနိုင်ငံများ အတွက် စိတ်လှုပ်ရှား စရာများ ဖြစ်ပေါ်စေခဲ့သည်။
၎င်းတို့သည် ဖိလစ်ပိုင် နိုင်ငံ၏ Benigno Aquino III အကွီနို အစိုးရအား ရှေ့တန်းတင်ကာ တရုတ် နိုင်ငံအား ရန်လိုသော လှုံ့ဆော်မှုများ ပြုလုပ် ခဲ့သည်။ ထို့ပြင် ထိုပြင်ပ အင်အားစုများသည် ရေကြောင်း တရားဥပဒေ စိုးမိုးရေး ဟူသော ခေါင်းစဉ်ဖြင့် လက်တွေ့တွင် ဒေသတွင်း မငြိမ်သက်မှုများ ပြုလုပ်ကာ ၎င်းတို့၏ နိုင်ငံရေး နှင့် စစ်ရေး လိုလားမှုများ ရရှိနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။
ဂျပန် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေးတွင် ပါဝင် နေသည့် အခန်းကဏ္ဍမှာ ဂုဏ်သရေ ရှိသော အခန်းကဏ္ဍ တစ်ခု အဖြစ် ပါဝင် ခဲ့ခြင်းမဟုတ်ဘဲ ဂျပန် နိုင်ငံ၏ ဝင်ရောက် စွက်ဖက်သည့် ရည်ရွယ်ချက် မှာလည်း ပေါ်လွင် ထင်ရှား လှပါသည်။
ပထမ အချက်အနေဖြင့် ကာလကြာမြင့်စွာ ကြိုတင် ကြံစည်ပြင်ဆင်ခဲ့ပြီး တောင်တရုတ် ပင်လယ်အရေးအား ဝင်ရောက် စွက်ဖက်ပါဝင် ခဲ့ခြင်း
၂၀၁၂ ခုနှစ် ဇွန်လ ပိုင်းတွင် အမေရိကန် နိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ အရေး သုတေသန စင်တာ မှ ကျင်းပခဲ့သည့် တောင်တရုတ်ပင်လယ် ရေကြောင်း လုံခြုံရေး ဆိုင်ရာ အစည်းအဝေးတွင် အထက် လွှတ်တော်အမတ် တာဝန် ထမ်းဆောင်ခဲ့သော Joseph Lieberman သည် ဘက်ပေါင်းစုံ မှ စည်းမျဉ်း သတ်မှတ်ချက်များအပြင် ခုံသမာဓိဖြင့် စီရင် ဆုံးဖြတ်ခြင်း စသည့် ပြင်ပ အင်အားစု နိုင်ငံများ၏ ဆောင်ရွက်မှုဖြင့် တောင်တရုတ် ပင်လယ်အရေးတွင် ပါဝင်သွားရမည် ဖြစ်ကြောင်းကို တက်ကြွစွာ တိုက်တွန်း ပြောကြား ခဲ့သည်။ အစည်းအဝေးအား တက်ရောက်ခဲ့သည့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံတကာ အရေး သုတေသန အဖွဲ့ အဖွဲ့ဝင် Tetsuo Kotani မှ အံ့သြဖွယ်ကောင်းသော ဆောင်းပါး တစ်ရပ်အား ထုတ်ပြန် ပြောကြား ခဲ့ပြီး ၎င်းမှ ဂျပန်နှင့် အမေရိကန် စစ်ဘက်ဆိုင်ရာများနှင့် တောင်တရုတ် ပင်လယ်တွင် ပူးပေါင်း လေ့လာ စောင့်ကြည့်ရေး အစီအစဉ်ကို ဆွေးနွေး ခဲ့ကြောင်းကို ထုတ်ဖော်ပြောကြား ခဲ့သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ရှင်ဇိုအာဘေး အစိုးရ တက်ရောက်ခဲ့ပြီး တစ်လခန့်အကြာတွင် အကွီနို အစိုးရသည် တောင်တရုတ် ပင်လယ် အရေးကို နိုင်ငံတကာခုံရုံး Permanent Court of Arbitrition (PCA) သို့ တစ်ဖက်သတ် တင်ခဲ့ပါသည်။ ဤဖြစ်စဉ် ကို သိရှိခဲ့သည့် ဂျပန်နိုင်ငံသည် သားကောင်အား မြင်တွေ့ခဲ့ရသည့်ပမာ လွန်စွာ ဝမ်းမြောက်ခဲ့ပြီး အကွီနို အစိုးရနှင့် အဆက်မပြတ် ပူးပူးကပ်ကပ် ဆက်ဆံမှု များပြုလုပ် ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဂျပန် နိုင်ငံသည် နိုင်ငံခြားရေး ၊ ဝေဖန်ရေး ၊ ဥပဒေ ရေးရာ ၊ စစ်ရေး နှင့် ကူညီ ထောက်ပံ့ကူညီမှု စသည့် ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံဖြင့် တရုတ် နိုင်ငံအား ပြင်ပမှ ပိတ်ဆို့ နိုင်မည့် စည်းဝိုင်းအား ဖန်တီးခဲ့ပြီး အပြည်ပြည် ဆိုင်ရာ ညီလာခံများ ၊ နှစ်နိုင်ငံ အစည်းအဝေးများနှင့် နိုင်ငံတကာ ဖိုရမ်စသည့် အခမ်းအနားများတွင် အခွင့်အရေး ရတိုင်း တောင်တရုတ် ပင်လယ် အရေးအား မီးမွှေး လှုံ့ဆော်မှု များပြုလုပ်ကာ အခြေအနေအား ပိုမို ဆိုးရွားလာစေရန် ဆောင်ရွက် ခဲ့ပါသည်။ ယခုနှစ် မေလ ပိုင်းတွင် ဂျပန် နိုင်ငံသည် G-7 အစည်းအဝေးအား အိမ်ရှင် အဖြစ် ကျင်းပ သည့် အခွင့်အရေးကို လက်ကိုင်ကာ မိမိ လိုလားသည့် ရည်ရွယ်ချက်များ ဖြစ်ပေါ်စေရန် အစည်းအဝေး တက်ရောက်သည့် ခေါင်းဆောင်များအား တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်သည့် ရေကြောင်းဥပဒေရေးရာ မူဝါဒ ၃ ရပ် အား တက်ကြွစွာ တိုက်တွန်း လှုံ့ဆော်ပြောကြား ခဲ့သည်။ စစ်ရေးအရတွင်လည်း ဂျပန် နိုင်ငံသည် ကိုယ်ပိုင် ကာကွယ်ရေး ဥပဒေ တစ်ရပ်အား သတ်မှတ်နိုင်ခဲ့ပြီးနောက် ဂျပန်-အမေရိကန် စစ်ရေး မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့ကာ တောင်တရုတ်ပင်လယ် အနီးတဝိုက်ရှိ နိုင်ငံများအား ကင်းလှည့် စစ်ရေး ဆောင်ရွက်မှု အတွက် လိုအပ်သော ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှု များကို ကာကွယ်ရေး စစ်သင်္ဘောများ တောင်တရုတ် ပင်လယ်အတွင်း အကြိမ်ကြိမ် သွားလာ လှုပ်ရှားသည့် အထိ ဆောင်ရွက် ပေးခဲ့သည်။ ဂျပန် နိုင်ငံသည် တောင်တရုတ် ပင်လယ်တွင် တင်းမာမှုများ တိုးမြင့်ရန် လှုံ့ဆော်သည့် အဆင့်မှ တောင်တရုတ် ပင်လယ် တင်းမာမှု ဖန်တီးသည့် အထိ အဆင့်မြှင့်တင် ဆောင်ရွက် ခဲ့ပါသည်။
ဒုတိယ အချက် အနေဖြင့် မသမာသည့် ရည်ရွယ်ချက်ဖြင့် မကောင်းမွန်သော စိတ်နေသဘောထား ရှိခြင်း
တောင်တရုတ် ပင်လယ်အရေးတွင် ရှင်ဇိုအာဘေး အစိုးရသည် အပေါ်ယံတွင် ပင်လယ်ရေကြောင်း တရားဥပဒေ စိုးမိုးရေး ဟူသည့် ဆောင်ပုဒ်ကို ဆွဲကိုင်ကာ အမှန်စင်စစ် ရည်ရွယ်ချက်မှာ ဤမျှ မြင့်မြတ် ကောင်းမွန်ခြင်း မရှိခဲ့ပါ။ ဂျပန် နိုင်ငံမှ Tetsuo Kotani ဆိုသည် ၎င်းကပင် ၂၀၁၅ ခုနှစ် ၌ ကုလသမဂ္ဂ ရေကြောင်း ဥပဒေ ဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea)(UNCLOS) တွင် အချို့ အပိုင်းများသည် သက်ဆိုင်ရာ နိုင်ငံ များ၏ ဆွေးနွေး ညှိနှိုင်းမှု၏ ရလဒ်သာ ဖြစ်ပြီး ရှင်းလင်း ပြတ်သားမှု မရှိကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်း တွင်လည်း ဂျပန် နိုင်ငံသည် နိုင်ငံခြားရေးမှ တစ်ဆင့် အာရှဒေသရှိ ရေကြောင်း ဥပဒေ စိုးမိုးရေးကို ဦးဆောင်၍ တွန်းအားပေး ဆောင်ရွက် သွားရန် လိုအပ်ကြောင်းကိုလည်း ပြောကြား ခဲ့သည်။ ထိုပြောကြားချက်များအရ ၎င်းသည် တရားဥပဒေ စိုးမိုးရေး ဟူသည့် ခေါင်းစဉ် ဖြင့် ဂျပန် နိုင်ငံ၏ ရှုထောင့်မှ အကျိုးအမြတ် ရရှိနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပေါ်လွင် လှပါသည်။ ယခုနှစ် ဖေဖေါ်ဝါရီလပိုင်းတွင် ဂျပန် နိုင်ငံ Nikkei သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံသည် ရေကြောင်း လွတ်လပ်ရေး ဟူသည့် ခေါင်းစဉ် ဖြင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် အတွင်းသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့ရာတွင် ဂျပန် နိုင်ငံ အစိုးရက ထိုသို့ စစ်သင်္ဘော အရေအတွက် နှင့် အကြိမ်ရေ ပိုမို တိုးချဲ့လုပ်ဆောင်ရန် အတွက် တိုက်တွန်း ခဲ့ကြောင်းကို ဖော်ပြ ခဲ့ပါသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလပိုင်းတွင် ဂျပန် နိုင်ငံ ကာကွယ်ရေး ဥပဒေ အသစ် အတည်ပြုပြီး နောက် ဂျပန် နိုင်ငံသည် တောင်တရုတ် ပင်လယ်အား ပြည်ပ ရေကြောင်း စစ်ရေး ထောက်ပံ့မှု ပြုလုပ်သည့် စမ်းသပ် နယ်မြေ ပြုလုပ်ရန် ရည်ရွယ်ချက် ထားရှိသည်မှာ ပိုမို ထင်ရှား လာခဲ့ပါသည်။ ယခင် ဂျပန် ကာကွယ်ရေး ရေတပ်ဗိုလ်ချုပ် Yoji Koda က ရေကြောင်း သွားလာရေး လမ်းကြောင်း လုံခြုံရေးဟူသည့် အချက်အား အာမခံချက် ရှိစေရန် အတွက် တောင်တရုတ် ပင်လယ်သည် ဂျပန် နိုင်ငံ အတွက် သက်ရောက်မှု ရှိသည့် အတွက် ဂျပန်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် အတူတကွ ရင်ဆိုင်ဖြေရှင်းမည့် တုံ့ပြန် ဆောင်ရွက်ချက် အား သတ်မှတ်ရမည် ဖြစ်ကြောင်းကို ပြောကြား ခဲ့သည်။ သို့သော် ဂျပန် အစိုးရ၏ အဓိက ရည်မှန်းချက်မှာ တောင်တရုတ် ပင်လယ်အရေး ဟူသည့် ခေါင်းစဉ် ဖြင့် တရုတ် နိုင်ငံအားမည်သို့ ချုပ်ကိုင်ရမည်ဆိုသည့် ရည်ရွယ်ချက် ဖြစ်ပါသည်။ ဂျပန် ကာကွယ်ရေးတပ်တွင် တာဝန် ထမ်းဆောင် ခဲ့သည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အထက်လွှတ်တော်အမတ် Masahisa Sato သည် ဖြေလျှော့လိုက်ပြီးဖြစ်သည့် စုပေါင်း ကာကွယ်ရေး ဆောင်ရွက်မှု အခွင့်အရေးဖြင့် တောင်တရုတ်ပင်လယ် ကာကွယ်ရေး မဟာမိတ် အဖွဲ့ ဖွဲ့စည်းကာ တရုတ် နိုင်ငံအား ရင်ဆိုင်သွားရမည် ဖြစ်ကြောင်းကို တက်ကြွစွာ ထုတ်ဖော်ပြောကြား ခဲ့သည်။
ဂျပန် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေးတွင် ဝင်ရောက်စွက်ဖက်သည့် အခြား ရည်ရွယ်ချက်တစ်ခုမှာ ဤကိစ္စရပ်မှ တစ်ဆင့် အရှေ့တရုတ်ပင်လယ် နှင့် Diaoyudao ကျွန်းတွင် ရင်ဆိုင်နေရသော ဖိအားများကို လျော့ကျစေရန် နှင့် တစ်ချိန်တည်းတွင် Okinawa ကျွန်းနှင့် အနီးတဝိုက်တွင် စစ်ရေးခင်းကျင်းမှုများ မြန်ဆန်စွာ တိုးမြှင့်ဆောင်ရွက် နိုင်ရန် ဖြစ်ပါသည်။
တတိယ အချက်အနေဖြင့် ဂျပန် နိုင်ငံ၏ ဆန့်ကျင်ဘက် စံနမူနာ သတ်မှတ်ချက် များသည် မိမိကိုယ်ကို အရှက်ရစေခြင်း
ဂျပန် နိုင်ငံ အနေဖြင့် အကြိမ်ကြိမ် ရေကြောင်း ဥပဒေ စိုးမိုးရေး ဟူသည့် စကားလုံးအား ပြောဆို ခဲ့သော်လည်း လတ်တလော ဆောင်ရွက်မှုများမှ တစ်ဆင့် ဂျပန် နိုင်ငံ၏ ပြဿနာ ကိစ္စရပ် များအပေါ်တွင် ထားရှိသည့် ဆန့်ကျင်ဘက် စံနမူနာ သတ်မှတ်ချက်များကို ပေါ်လွင် စေခဲ့ပါသည်။ ဂျပန် နိုင်ငံသည် တစ်ဘက်တွင် တောင်တရုတ် ပင်လယ်ရှိ ကျွန်းများ၏ ပိုင်ဆိုင်မှု နှင့် ပတ်သက်၍ သံသယ မေးခွန်းများ ပြုလုပ်ခဲ့သော်လည်း အခြားတစ်ဘက်တွင်မူ Okinotorishima သန္တာကျောက်တန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လုံးဝ ရေငုံနှုတ်ပိတ် နေခဲ့ပါသည်။ ထို့ပြင် ဂျပန် နိုင်ငံသည် ကုလသမဂ္ဂ ကုန်းမြေနယ်နိမိတ် သတ်မှတ်ချက် မူဘောင် ကော်မတီ (UN Commission on the Limits of the Continental Shelf) (CLCS) တွင် “Okinotorishima” အမှုအား ပြန်လည် ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် မေ့လျော့စွာနေခဲ့ပြီး မိမိကိုယ်ကို “မူပိုင် စီးပွားရေးဇုန်” သတ်မှတ်ချက်များ ရေးဆွဲခဲ့ပြီး ဒေသတွင်းရှိ လုပ်ငန်းဆောင်ရွက်နေသော ငါးဖမ်း သင်္ဘောများ နှင့် သင်္ဘော ဝန်ထမ်း များအား ထိန်းချုပ်မှုများကို ဆောင်ရွက် ခဲ့ပါသည်။ ဂျပန် နိုင်ငံသည် တစ်ဘက်တွင် အမေရိကန် နောက်လိုက်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေး လွတ်လပ်ခွင့် ကို တက်ကြွစွာ ပြောဆို ဆောင်ရွက် ခဲ့သော်လည်း တစ်ဘက်တွင်မူ အခြားနိုင်ငံများမှ Tokara ရေလက်ကြား ကဲ့တို့သော အပြည်ပြည် ဆိုင်ရာ ရေလက်ကြား များအား ဖြတ်သန်းသွားလာမှု အပေါ် လွန်စွာ ကန့်ကွက်ကြောင်း ပြသခဲ့သည်။ ဂျပန် နိုင်ငံသည် တစ်ဘက်တွင် လူလုပ်ကျွန်းများ ပြုလုပ်ခြင်းသည် တောင်တရုတ်ပင်လယ် သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်စေကြောင်း ပြောကြား ခဲ့သော်လည်း တစ်ဘက်တွင်မူ Fukushima ကျွန်း အနုမြူ ဓာတ်အားပေး စက်ရုံမှ ပင်လယ်ပြင် အတွင်းသို့ ဓာတ်ရောင်ခြည်သင့် ညစ်ညမ်းရေ များအား စွန့်ပစ် ခဲ့သည်။ ဂျပန် နိုင်ငံသည် တစ်ဘက်တွင် တရုတ် နိုင်ငံသည် တစ်ဖက်သတ် မူလအခြေအနေများအား ပြောင်းလဲမှု ပြုလုပ်ကြောင်း စွပ်စွဲ ခဲ့သော်လည်း တစ်ဘက်တွင်မူ ဖိလစ်ပိုင်နှင့် အခြား နိုင်ငံများ၏ ရှေ့ယခင် ကတည်းကပင် တောင်တရုတ် ပင်လယ် အတွင်းရှိ တရုတ် နိုင်ငံ ပိုင်ကျွန်းများကို မတရား ကျူးကျော်ခဲ့မှုများကို လျစ်လျူရှု ခဲ့သည်။ ဂျပန် နိုင်ငံ သည် တစ်ဘက်တွင် မိမိ နိုင်ငံ အား အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ စံပြ နိုင်ငံ အဖြစ် ပုံဖော် ခဲ့သော်လည်း အခြားတစ်ဘက်တွင်မူ အီရတ် စစ်ပွဲ စသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ အား ချိုးဖောက်သည့် စစ်ပွဲများတွင် အမေရိကန်၏ နောက်လိုက် အနေဖြင့် ပါဝင် ဆောင်ရွက်မှုများ ပြုလုပ် ခဲ့သည်။ ဂျပန် နိုင်ငံ၏ မိမိ လိုလားသော အရာပေါ်မူတည်၍ ရွေးချယ် သတ်မှတ်သည့် “တရားဥပဒေ စိုးမိုးရေး” ဟူသည့် မူဝါဒသည် တောင်တရုတ် ပင်လယ် တရားဥပဒေ စိုးမိုးရေး နှင့် လုံးဝ ကိုက်ညီမှု မရှိဘဲ အမေရိကန် နိုင်ငံနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ် နိုင်မည် ဆိုသည် ရည်ရွယ်ချက်သာ အဓိက ရည်မှန်းချက် ဖြစ်ပါသည်။ ဂျပန် နိုင်ငံ၏ အပြည်ပြည် ဆိုင်ရာ ဥပဒေကို အကြောင်းပြု၍ လုပ်ကိုင် ဆောင်ရွက်နေမှုများသည် ပညာရှင်များ၏ အမြင်တွင် မည်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်မှာ လွန်စွာ ပေါ်လွင်ထင်ရှား လှပါသည်။
စတုတ္ထ အချက် အနေဖြင့် သမိုင်းပေး သင်ခန်းစာများအား ဂရုမစိုက်ဘဲ မတည်ငြိမ်မှု များအား ဖန်တီးခြင်း
ဂျပန် နိုင်ငံနှင့် တောင်တရုတ် ပင်လယ်သည် ရှေးယခင် သမိုင်းကြောင်း ပတ်သက်မှု များရှိခဲ့ပါသည်။ သို့သော် ထို ပတ်သက်ခဲ့သည့် သမိုင်းကြောင်းများမှာ ဂုဏ်သရေမဲ့သည့် မကောင်းမှု များသာ ရှိခဲ့သည်။ ၁၉၀၇ ခုနှစ် မှစတင်၍ ဂျပန် အစိုးရ အနေဖြင့် ဂျပန် နိုင်ငံ ကုန်သည်များက တရုတ် နိုင်ငံ ပိုင် Dongsha ကျွန်းစွယ် များကို ကျူးကျော် သိမ်းပိုက်ခြင်းအား ခွင့်ပြုပေး ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဂျပန် နိုင်ငံ သည် NanSha ကျွန်းစု ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး မိမိ နိုင်ငံ၏ ကိုလိုနီ နယ်မြေ အဖြစ် သတ်မှတ် ခဲ့သည်။ ပစိဖိတ် စစ်ပွဲ ကာလ အတွင်း ဂျပန် နိုင်ငံ သည် NanSha ကျွန်းစု တွင် ရေတပ် အခြေစိုက် စခန်းအား တည်ဆောက်ခဲ့ပြီး ထိုမှ တစ်ဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် ၊ စင်ကာပူ နှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများအား ကျူးကျော် တိုက်ခိုက်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် တရုတ် နိုင်ငံက ဥပဒေ အရ တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများအား ပြန်လည် သိမ်းယူ ခဲ့ပါသည်။
အမှန်အားဖြင့် ဆိုရလျှင် ဤကဲ့သို့သော မကောင်းမွန်သည့် သမိုင်းကြောင်းများ ရှိခဲ့သော ဂျပန် နိုင်ငံသည် ထိုဒေသတွင်းရှိ အရေးကြီးသော လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များအပေါ် တွင် မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ပြီး ထိန်းချုပ်သည့် ပုံစံမျိုးဖြင့် ရပ်တည်သင့်ပြီး မိမိ နိုင်ငံ၏ ထိုကိစ္စရပ် ပေါ်တွင် ပါဝင်သက်ရောက်မှု ရရှိစေရန် ကြိုးပန်း ဆောင်ရွက်ရန် မသင့်လျော်ပါ။ ထို့ပြင် ဂျပန် နိုင်ငံသည် ရှေ့ယခင် ဂျပန် အင်ပါယာ မူဝါဒ ဖြစ်သည့် Gunboat Diplomacy မူဝါဒ အား ပြန်လည် အကောင်အထည် ဖော်ရန် ဆောင်ရွက် နေခြင်း ဖြစ်သည်။ လက်ရှိ ဂျပန် နိုင်ငံ၏ တောင်တရုတ် ပင်လယ် အရေးတွင် ထားရှိသည့် သဘောထားရပ်တည်မှု သည် ၎င်းတို့၏ စစ်ပွဲအပြီး သမိုင်းပေး သင်ခန်းစာ အပေါ် မှန်ကန်ပြတ်သားစွာ လက်ခံ နိုင်မှု မရှိခြင်း နှင့် ဂျပန် နိုင်ငံ ပြည်တွင်း နိုင်ငံရေး နှင့် လူမှုပတ်ဝန်းကျင် အခြေအနေမှာ တဖြည်းဖြည်း စစ်ပွဲ မတိုင်မီ အတွေးအခေါ်များသို့ ရောက်ရှိလာခြင်း အပေါ် များစွာ မူတည် နေပါသည်။
ဂျပန် နိုင်ငံမှ တောင်တရုတ် ပင်လယ် သည် ကမ္ဘာ့ကုန်သွယ်ရေး အတွက် အသက်သွေးကြော ဖြစ်ကြောင်း နှင့် ဂျပန် နိုင်ငံ၏ ရေကြောင်း အသက်သွေးကြော ဖြစ်ကြောင်း ကို အကြိမ်ကြိမ် ပြောကြား ခဲ့ပါသည်။ ဤသို့ဆိုလျှင် ဂျပန် နိုင်ငံ အနေဖြင့် အဘယ်ကြောင့် ထိုဒေသ တည်ငြိမ်အေးချမ်းမှု ရရှိစေနိုင်သည့် အထောက်အကူပြု နိုင်သော ဆောင်ရွက်ချက်များကို ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ အခြေအနေ တင်းမာမှု ပိုမိုဖြစ်ပွားစေရန် လှုံ့ဆော်မှုများကို ဆောင်ရွက်ခဲ့သနည်း ။ နိုင်ငံ တကာ မှ စစ်သင်္ဘောများ တောင်တရုတ် ပင်လယ် အတွင်း များပြား စွာသွားလာ နေခြင်းသည် ထိုဒေသ၏ လုံခြုံမှုကို ပိုမို မြှင့်တင်နိုင်မည်လား ။
ဂျပန် နိုင်ငံ အပြင် အခြား ပြင်ပ အင်အားစု များမှလည်း ရည်ရွယ်ချက်မျိုးစုံဖြင့် တောင်တရုတ် ပင်လယ် အရေးပေါ်တွင် ဝေဖန်မှုများကို ဆောင်ရွက်ခဲ့သည်။ အချို့သည် အဖြစ်မှန် အပေါ် လွဲမှားသည့် သတင်း အချက်အလက်များကြောင့် လွဲမှားစွာ ယုံကြည်ခဲ့ကြသည်။ အချို့မှာ အမေရိကန် နိုင်ငံ၏ ဖိအားပေး ခြင်းကြောင့် ဖြစ်ပြီး အချို့မှာလည်း တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် နားလည်မှု လွဲမှားနေခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့အတွင်းမှ အများစု အနေဖြင့် ယုံကြည်မှုကို ပိုမိုထားရှိပြီး တောင်တရုတ် ပင်လယ် အရေး၏ အမှန်စင်စစ် ဖြစ်ရပ် အစအဆုံးကို ပြန်လည် လေ့လာပါက ပိုမို ဘက်မျှမှန်ကန်သည် အမြင်များ ရရှိလာနိုင်မည် ဖြစ်သည်။ သို့သော် ဂျပန် နိုင်ငံကဲ့သို့သော ပင်ကို မူရင်း မကောင်းမွန်သည့် စိတ်နေ သဘောထားဖြင့် တောင်တရုတ်ပင်လယ် အရေးအား ထင်ရှားစွာ ဝင်ရောက် စွက်ဖက်သည့် နိုင်ငံ အနေဖြင့် နောက်ဆုံးရလဒ်သည် ကျောက်တုံးအား မတင်၍ မိမိခြေထောက်ပေါ် ပစ်ချသကဲ့သို့သော အကျိုးကိုသာ ရရှိ နိုင်မည် ဖြစ်ပါသည်။ (Xinhua)