Connect with us

Politics, Law & Military

ပြည်ပ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် တာဝန်ယူမှုတာဝန်ခံမှုနှင့် အကျိုးဆောင်မှု အသစ်များရှိရမည်ဟု တရုတ်နိုင်ငံ နိုင်ငံတကာဖွံံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲက ဆို

မဟာပြည်သူ့ခန်းမဆောင်တွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲ ၀မ်ရှောင်ထောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ)

ခေတ်သစ် ပြည်ပကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် တာဝန်ယူမှုတာဝန်ခံမှုနှင့် အကျိုးဆောင်မှုအသစ်များ ရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲ ဝမ်ရှောင်ထောင်းက မတ်လ ၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယပုံမှန်အစည်းအဝေးဖွင့်ပွဲအပြီး မဟာပြည်သူ့ခန်းမဆောင်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီအနေဖြင့် တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးများတွင် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဝမ်ရှောင်ထောင်းက ဆိုသည်။ “ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူသားမျိုးနွယ်တို့၏ကံကြမ္မာတူအကျိုးအသိုက်အဝန်းတည်ဆောက်ရန် အတွက် ကျွန်တော်တို့ကလည်း ကမ္ဘာ့နိုင်ငံအသီးသီး ၊နိုင်ငံတကာအဖွဲ့အစည်းအသီးသီးနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ် ဧပြီလတွင် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီကို တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တစ်နှစ်တာကြာကာလအတွင်း နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီသည် စီမံဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာဖလှယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်လျက်ရှိရာ ကဏ္ဍအသီးသီးတွင် အစပျိုးကောင်းခဲ့ကြောင်း အေဂျင်စီ အကြီးအကဲ ဝမ်ရှောင်ထောင်းက ဆိုသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.