ချုံချင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မော်တော်ယာဉ် ထုတ်လုပ်သောလုပ်ငန်းတစ်ခုမှ 5G မိုဘိုင်းကွန်ရက် အကူအညီဖြင့် အလိုအလျောက်မောင်းနှင်သော ဘတ်စ်ကားတစ်စီးအား ချုံချင်းမြို့၌ စမ်းသပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အား ချိတ်ဆက်ရန် ၂၀၁၉ခုနှစ်တွင်း သီးခြားစီလွှတ်တင်မှု ၇ခုဖြင့် ဂြိုဟ်တု ၁၀ခုကို လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ဇန်နဝါရီ ၂၉...
ချုံချင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ Chang’e-4 အာကာသယာဉ် ဖြင့် လကမ္ဘာပေါ်သို့ သယ်ဆောင်သွားသော ဝါဂွမ်းစေ့ သည် ပထမဆုံးအဖြစ် လကမ္ဘာပေါ်တွင် အပင်ပေါက်လာကြောင်း အသေးစား ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှု အဖွဲ့တစ်ခုမှ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံး ဆင်းသက်ခြင်းဖြစ်သော Chang’e-4 ဂြိုဟ်တု ၏ အောင်မြင်စွာဆင်းသက်နိုင်မှုကို ဇန်နဝါရီ ၁၁ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ရှီးချန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်းရှိ ရှီးချန်း ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Zhongxing-2D ဂြိုဟ်တုကို Long March-3B ဒုံးပျံဖြင့် သယ်ဆောင်လာကာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ၁၁ မိနစ်တွင် အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၁-၂၀၁၉)ရက်နေ့အထိ လိုင်စင်စုစုပေါင်း ၁၇၄ ခု ထုတ်ပေးပြီး ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ကွမ်ကျုံး ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) ဉာဏ်ရည်တု(AI)နည်းပညာဖြင့် စကားအပြန်အလှန်ပြောနိုင်သည့်စနစ်တစ်ခုကို တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော WeChat အဖွဲ့သားများက တီထွင်ဖန်တီးခဲ့ပြီး ၊ ယင်းစနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျုံးမြို့၌ ဇန်နဝါရီ ၉ ရက်တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-4 အာကာသယာဉ် သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုပေါ်သို့ ဇန်နဝါရီ ၃ရက်တွင် ကြာချိန် ၁၂မိနစ်ဖြင့် အံသြမင်သက်ဖွယ် ဖြည်းညင်းညင်သာစွာ ဆင်းသက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-4 လေ့လာရေးအာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဇန်နဝါရီ ၃ရက်တွင် ဆင်းသက်နိုင်ခဲ့ပြီး ကမ္ဘာဂြိုလ်မှ မည်သည့်အခါမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဆင်းသက်နိုင်သည့် ပထမဆုံးအာကာသယာဉ်ဖြစ်လာကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တတိယမြောက် ခရီးသည်တင်ဂျက်လေယာဉ် C919 ရှေ့ပြေးပုံစံသည် ရှန်ဟိုင်းမြို့ရှိ ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ဆင်းသက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပျံသန်းမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။