Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံးအင်္ဂါဂြိုဟ်ပေါ်သွားယာဉ်ကို Zhurong ဟု အမည်ပေး

တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့တွင် တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်၏ အမည်အား ကြေညာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ၎င်း၏ပထမဆုံးအင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား Zhurong ဟု အမည်ပေးလိုက်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုရေးဦးစီးဌာန (CNSA) က ကြေညာလိုက်ကြောင်း သိရသည်။

Zhurong သည် တရုတ်ရှေးဟောင်း ဒဏ္ဍာရီတွင် မီးနတ်ဘုရားဟု အဓိပ္ပါယ်ရပြီး အင်္ဂါဂြိုဟ်အား တရုတ်ဘာသာစကားဖြင့် ခေါ်ဝေါ်သည့် အမည်ဖြစ်သော “Huoxing” ကို ထင်ဟပ်ပြခြင်းလည်း ဖြစ်သည်။

“မီး” သည် လူသားမျိုးနွယ်၏ ဘိုးဘေးများထံ နွေးထွေးခြင်းနှင့် တောက်ပခြင်း ဆောင်ကြဉ်းပေးခဲ့ပြီး လူသားမျိုးနွယ် ယဥ်ကျေးမှုကို ထွန်းလင်းတောက်ပစေခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား မီးနတ်ဘုရားကို အစွဲပြု၍ အမည်ပေးလိုက်ခြင်းသည် တရုတ်နိုင်ငံ၏ ဂြိုဟ်များဆိုင်ရာ စူးစမ်းလေ့လာရေးအတွက် တောက်ပသောအလင်းကို ထွန်းညှိခြင်းအဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း CNSA ၏ ဒုတိယ အုပ်ချုပ်ရေးမှူး ဝူယန်ဟွာက ပြောခဲ့သည်။

တိုက်ရိုက်အဓိပ္ပါယ်ဖော်ဆိုပါက တရုတ်ဘာသာဖြင့် ဆန္ဒဟု အဓိပ္ပါယ်ရသော Zhu ဆိုသည်မှာ လူသားမျိုးနွယ်၏ အာကာသကို စူးစမ်းရှာဖွေခြင်းအတွက် ဆန္ဒမွန်ကို ဖော်ပြခြင်းဖြစ်သည်။ တရုတ်ဘာသာဖြင့် ပေါင်းစည်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟု အဓိပ္ပါယ်ရသော Rong မှာမူ အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကို ရောင်ပြန်ဟပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
China’s first Mars rover named Zhurong
2021-04-24 11:18:00
NANJING, April 24 (Xinhua) — China’s first Mars rover has been named Zhurong, announced the China National Space Administration (CNSA) on Saturday, China’s Space Day.
Zhurong is the god of fire in ancient Chinese mythology, which echoes with the Chinese name of the red planet, Huoxing (meaning the planet of fire in Chinese).
Fire brought warmth and brightness to the ancestors of mankind, and fire lit up human civilization. Naming China’s first Mars rover after the god of fire signifies igniting the flame of China’s planetary exploration, according to Wu Yanhua, vice administrator of the CNSA.
Literally, Zhu (meaning wish in Chinese) expresses the good wishes for mankind’s exploration of the universe. Rong (meaning integration and cooperation in Chinese) reflects China’s vision of the peaceful use of space and the building of a community with a shared future for humanity, Wu said. Enditem

China National Space Administration (CNSA) announces the name of China’s first Mars rover in Nanjing, east China’s Jiangsu Province, April 24, 2021. (Xinhua/Ji Chunpeng)