Connect with us

China

တရုတ်နိုင်ငံ၏ အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) မှ ၂၀၂၁ ခုနှစ် မတ် ၄ ရက်က ထုတ်ပြန်ခဲ့သော ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးခဲ့သည့် ရုပ်ထွက်မြင့်မားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) မှ ၂၀၂၁ ခုနှစ် မတ် ၄ ရက်က ထုတ်ပြန်ခဲ့သော ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးခဲ့သည့် ရုပ်ထွက်မြင့်မားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

အင်္ဂါဂြိုဟ်ပေါ်သို့ ထျန်းဝန်-၁ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာတွင် နည်းပညာရှင်များ အောင်ပွဲခံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂါဂြိုဟ်ပေါ်သို့ ထျန်းဝန်-၁ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာတွင် နည်းပညာရှင်များ အောင်ပွဲခံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မှလွဲ၍ ဂြိုဟ်တစ်ခုပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်၊ ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်နှင့် ဂြိုဟ်ပေါ်သွားယာဉ်ပါဝင်သော ထျန်းဝန်-၁ ယာဉ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်ကို ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်လှည့်လည်သွားလာခြင်းများကို လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်ရန် ပုံစံထုတ်လုပ်ထားခြင်းဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များအား စူးစမ်းလေ့လာရေးအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးခြေလှမ်းဖြစ်သည်။

၎င်းအာကာသယာဉ်သည် အာကာသအတွင်း ၇ လနီးပါး ခရီးနှင်ပြီးနောက် ဖေဖော်ဝါရီလက အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်
————————————
(English Version)
China’s probe lands on Mars
Source: Xinhua| 2021-05-15 08:37:55|Editor: huaxia
BEIJING, May 15 (Xinhua) — The lander carrying China’s first Mars rover has touched down on the red planet, the China National Space Administration (CNSA) confirmed on Saturday morning.
It is the first time China has landed a probe on a planet other than Earth.
Tianwen-1, consisting of an orbiter, a lander and a rover, was launched from the Wenchang Spacecraft Launch Site on the coast of southern China’s island province of Hainan on July 23, 2020. It was the first step in China’s planetary exploration of the solar system, with the aim of completing orbiting, landing and roving on the red planet in one mission.
The spacecraft entered the Mars orbit in February after a journey of nearly seven months through space, and spent more than two months surveying potential landing sites. Enditem

1-2-File photo released on March 4, 2021 by the China National Space Administration (CNSA) shows a high-resolution image of Mars captured by the country’s Tianwen-1 probe. The lander carrying China’s first Mars rover has touched down on the red planet, the CNSA confirmed on Saturday morning. (CNSA/Handout via Xinhua)
3 – 4 – (210515) — BEIJING, May 15, 2021 (Xinhua) — Technical personnel celebrate after China’s Tianwen-1 probe successfully landed on Mars at the Beijing Aerospace Control Center in Beijing, capital of China, May 15, 2021. The lander carrying China’s first Mars rover has touched down on the red planet, the China National Space Administration (CNSA) confirmed on Saturday morning. (Xinhua/Jin Liwang)