Connect with us

China

တရုတ်နိုင်ငံ သုတေသန ရေခဲပြင်ခွဲသင်္ဘော Xuelong 2 အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေး ခရီးစဉ်ပြီးစီး

တရုတ်နိုင်ငံ၏ ဝင်ရိုးစွန်းဒေသ ရေခဲပြင်ခွဲသင်္ဘော Xuelong 2 သို့မဟုတ် နှင်းနဂါး ၂ အား Cosmonauts ပင်လယ်တွင် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲပြင်ခွဲသင်္ဘော Xuelong 2 သို့မဟုတ် နှင်းနဂါး ၂ သည် နိုင်ငံ၏ ၃၇ ကြိမ်မြောက် အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေးခရီးစဉ်အား မေ ၇ ရက်တွင် အဆုံးသတ်ခဲ့ပြီး ရှန်ဟိုင်းမြို့ရှိ မိခင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Xuelong 2 သည် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးခရီးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၀ ရက်က ရှန်ဟိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၇၉ ရက်အတွင်း ရေမိုင် ၃၆,၀၀၀ ကျော် ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောသည် ယင်းဒေသအတွင်းရှိ တရုတ်နိုင်ငံ၏ Zhongshan စခန်းနှင့် Great Wall စခန်းထံ ထောက်ပံ့ရေးနှင့် အလှည့်ကျဝန်ထမ်းများအား သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ပင်လယ်ရေကြောင်း ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးမှုများကိုလည်း ခရီးစဉ်အတွင်း စူးစမ်းလေ့လာရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့သည် နိုင်ငံတကာ အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေးအဖွဲ့ဝင်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်ခဲ့သလို အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေးခရီး ပစ္စည်းထောက်ပံ့မှု၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား ရှေ့ဆက်တိုးနိုင်ခဲ့သည်။ COVID-19 ၏ စမ်းသပ်မှုကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အဖွဲ့ဝင်များအကြား ရောဂါကူးစက်မှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်သည် Xuelong 2 ၏ အန္တာတိတ်ဒေသတစ်ခွင် သင်္ဘောတစ်စင်းတည်းဖြင့် စူးစမ်းလေ့လာခြင်းကို ပြီးစီးအောင် ပထမဆုံး ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံက တည်ဆောက်ထားသော ဝင်ရိုးစွန်းဒေသ ရေခဲပြင်ခွဲသင်္ဘောနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနသင်္ဘော Xuelong 2 သည် အရှည် ၁၂၂.၅ မီတာနှင့် အကျယ် ၂၂.၃၂ မီတာရှိကာ သင်္ဘော၏ ဝမ်းပမာဏနှင့် ညီမျှသော ရေထု၏အလေးချိန် ၁၃,၉၉၆ တန် ရှိကြောင်းသိရသည်။ အဆိုပါ သင်္ဘောသည် အမြန်နှုန်း ရေမိုင် ၂ မိုင် (၃.၇၀ kph) မှ ရေမိုင် ၃ မိုင် (၅.၅၆ kph) ဖြင့် ၁.၅ မီတာရှိသော ရေခဲထုကို အဆက်မပြတ်ထိုးခွဲနိုင်ကြောင်း သိရသည်။

Xuelong 2 သည် အဆိုပါ စူးစမ်းလေ့လာမှုမစတင်မီ ၂၀၁၉ ခုနှစ် ဇူလိုင်လ၌ တည်ဆောက်ပြီးချိန်မှစ၍ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းအထိ မစ်ရှင်ကို ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Chinese research icebreaker Xuelong 2 completes Antarctic expedition
2021-05-07 16:45:28
SHANGHAI, May 7 (Xinhua) — China’s research icebreaker Xuelong 2, or Snow Dragon 2, concluded the country’s 37th Antarctic expedition on Friday, and returned to the home port in Shanghai.
Xuelong 2 embarked on the scientific expedition on Nov. 10, 2020, from Shanghai and traveled more than 36,000 nautical miles over the past 179 days.
The vessel carried supply and rotational staff to China’s Zhongshan Station and Great Wall Station in the region. Marine ecosystem and environmental investigations were carried out as part of the expedition during the trip.
The team also successfully carried out rescue operations for international Antarctic expedition members and forged international cooperation in the Antarctic expedition material supply. It has withstood the test of COVID-19, as zero infections were reported among the team members.
This is the first time that Xuelong 2 has completed a single-vessel expedition around the Antarctic.
As China’s independently developed polar icebreaker and scientific research vessel, Xuelong 2 is 122.5 meters long and 22.32 meters wide, with a designed displacement of 13,996 tonnes. It can continuously break ice as thick as 1.5 meters at a speed of 2 knots (3.70 kph) to 3 knots (5.56 kph).
Before the expedition, Xuelong 2 had completed one mission to the South and North Pole, respectively, since its delivery in July 2019. Enditem

Aerial photo taken on Jan. 1, 2020 shows China’s polar icebreaker Xuelong 2, or Snow Dragon 2, conducting scientific research in the Cosmonauts Sea. (Xinhua/Liu Shiping)