Connect with us

Social, Education & Health

အီဂျစ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ၂၀၁၆ ခုနှစ်တွင်တိုးတက်ရောက်ရှိမည်ဟုပြောကြား

ကိုင်ရိုမြို့တွင်ကျင်းပနေသော အာဖရိက-တရုတ် အနုပညာနှင့် ရိုးရာဓလေ့ပွဲတော်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းကမ္ဘာလှည့်ခရီးသွားများလာရောက်မှုကိုလာမည့်နှစ်များအတွင်းတိုးတက်လာရန ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၌ တရုတ်ကမ္ဘာလှည့်ခရီးသွားများ တိုးတက်ရောက်ရှိလာနိုင်ကြောင်း အီဂျစ်နိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ယီဟီရာ ရက်ရှ် (Yehia Rashed) ဇူလိုင် ၂၄ ရက်က ဆင်ဟွာ နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင်ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသို့တရုတ်နိုင်ငံသားများလာရောက်လည်ပတ်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၆၅,၀၀၀ မှ ၁၃၅,၀၀၀ သို့တိုးတက်လာခဲ့သည်။အနောက်အုပ်စုနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများလာရောက်မှု ကျဆင်း
သွားဖွယ်ရှိသော်လည်း အီဂျစ်နိုင်ငံနှင့်တရုတ်နိုင်ငံ တို့အကြားဆက်ဆံမှုတိုးတက်လာခြင်းကြောင့် ၂၀၁၆ ခုနှစ်
တွင် တရုတ်ကမ္ဘာလှည့်ခရီးသွားများ တိုးတက်ရောက်ရှိလာနိုင်ကြောင်း၎င်းကပြောခဲ့သည်။
အီဂျစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွင်သိသိသာသာ
ကျဆင်းမှုကိုလွန်ခဲ့သောနှစ်များအတွင်းရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၂၀၁၅ ခုနှစ်တွင်ဆိုင်းနိုင်းဒေသ၌ ရုရှားခရီး
သည်တင်လေယာဉ်တစ်စီးပျက်ကျ၍ ခရီးသည် ၂၀၀ ကျော်သေဆုံးခဲ့မှု၊ကိုင်ရိုမြို့ တွင်အီတလီ ကျောင်းသားတစ်ဦး အကြမ်းဖက်ခံရ၍ သေဆုံးမှု၊ မေလအတွင်းက အီဂျစ်လေကြောင်းပိုင် လေယာဉ်တစ်စီး ပျက်ကျ၍ လေယာဉ်ပေါ်ပါသူ ၆၆ ဦးသေဆုံးခဲ့ရမှုတို့ ကအီဂျစ်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုကို ပို၍ထိခိုက်စေခဲ့ဲ့သည်။
အီဂျစ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက နိုင်ငံအတွက်အဓိကဝင်ငွေရရှိရာလုပ်ငန်းတစ်ရပ်
ဖြစ်၍ နိုင်ငံခြားငွေ အဓိကရရှိရာ လုပ်ငန်းလည်းဖြစ်သည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းက အီဂျစ်နိုင်ငံသား လေးသန်းအတွက်အလုပ်အကိုင်အခွင့်အရေးများကိုလည်းဖန်တီးပေးလျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် အီဂျစ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၁၄.၇ သန်းလာရောက်ခဲ့ရာ၎င်းမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ဝင်ငွေရှိခဲ့သည်။ သို့ရာတွင် ၂၀၁၅ ခုနှစ်၌ ကမ္ဘာလှည့်ခရီးသွား ၉.၃ သန်းသာလာရောက်၍ ဝင်ငွေ ဒေါ်လာ ၆.၁ဘီလီယံသို့ ကျဆင်းသွားသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင်ပထမဆုံးအကြိမ် အာဖရိက-တရုတ် အနုပညာနှင့် ရိုးရာဓလေ့ပွဲတော်ကို
ဇူလိုင်လ ၂၃ ရက်ကစတင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့်အာဖရိက ၁၆ နိုင်ငံတို့ပါဝင်ပြသခဲ့ကြသည်။အီဂျစ်နိုင်ငံ
သို့ ကမ္ဘာလှည့်ခရီးသွားများပိုမိုဝင်ရောက်လာစေရန်ဤပြပွဲက တိုက်တွန်းအားပေးလိမ့်မည်ဟု အီဂျစ်ဝန်ကြီးက
ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.