Connect with us

Social, Education & Health

UNAIDS ခေါင်းဆောင်များနှင့် ဆန်းသစ်ပြောင်းလဲသူများ ဆု အား ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ လက်ခံရရှိ

ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်မင်းကျောက်(ယာ) နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် UNAIDS အမှုဆောင် ဒါရိုက်တာ မစ်ချယ် ဆစ်ဒစ်ဘဲ (ဝဲ) တို့အား ဆုပေးအပ်ပွဲ အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ချိုက်မင်ကျောက် (Cai Mingzhao) သည် UNAIDS ခေါင်းဆောင်များနှင့် ဆန်းသစ် ပြောင်းလဲသူများ ဆု (UNAIDS Leaders and Innovators Award) အား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇူလိုင်လ ၂၈ ရက်က လက်ခံ ရရှိခဲ့သည်။

ယင်းဆုသည် ၂၀၁၂ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူး နှင့် UNAIDS အမှုဆောင် ဒါရိုက်တာ မစ်ချယ် ဆစ်ဒစ်ဘဲ (Michel Sidibe) က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

စံနမူနာ ထားလောက်သည့် ခေါင်းဆောင်မှုနှင့် ဆန်းသစ်သော ချဉ်းကပ်မှုများဖြင့် ပြည်သူ့ ကျန်းမာရေး ခြိမ်းခြောက်မှု တစ်ခုအလား အေအိုင်ဒီအက်စ် ကပ်ရောဂါကို ၂၀၃၀ ခုနှစ်တွင် အဆုံးသတ်စေရေး မျှော်မှန်းချက် ထားကာ လုပ်ဆောင်ခဲ့သည့် ချိုက်၏ ပုဂ္ဂိုလ်ရေး ဆောင်ရွက်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် ယခုလို ဆု ချီးမြှင့်ရ ခြင်း ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

“ဒီဆုဟာ အေအိုင်ဒီအက်စ် ကို ကာကွယ်၊ ထိန်းချုပ်ခြင်းတွေမှာ ဆင်ဟွာရဲ့ ကူညီ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတဲ့ ဆုဖြစ်သလို ကုလသမဂ္ဂကို ဆင်ဟွာရဲ့ ထောက်ပံ့ပေးမှုလဲ ဖြစ်တယ်” ဟု ချိုက်က အဓိက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
အေအိုင်ဒီအက်စ် အသစ်ကူးစက်နှုန်း လုံးဝမရှိစေရေး၊ ခွဲခြားဆက်ဆံခံရမှု လုံးဝမရှိစေရေးနှင့် အေအိုင်ဒီအက်စ် ကြောင့် သေဆုံးမှု လုံးဝ မရှိစေရေး စသည်တို့အား မြှင့်တင်ခြင်းဖြင့် သမိုင်းဝင် အောင်မြင်မှုကြီး ရရှိစေမည် ဖြစ်ကြောင်း၊ ဆင်ဟွာ အနေဖြင့်လည်း ဂုဏ်ယူကြောင်း ချိုက်က ပြောကြားခဲ့သည်။

ဆင်ဟွာသည် တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီနှင့် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုနှင့် လုပ်ငန်းစဉ်များတွင်မျှတ ကျယ်ပြန့်ပြီး အချိန်မီဖြစ်ရန် စောင့်ကြည့် ထောက်ပံ့နေလျက်ရှိသည်။

ဆင်ဟွာသည် UNAIDS နှင့် ကွဲပြားခြားနားသည့် နယ်ပယ် အမျိုးမျိုး၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်း ၁၀ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားခဲ့သည်။

သတင်းတင်ပြ ခြင်း၊ လူမှု မီဒီယာနှင့် လှုပ်ရှားမှုများ၌ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆင်ဟွာနှင့် UNAIDS တို့အကြား နားလည်မှု စာချွန်လွှာ တစ်ခုကို ချိုက်နှင့် ဆစ်ဒစ်ဘဲတို့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မတ်လက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)