Connect with us

Sport

အမျိုးသားအားကစားပြိုင်ပွဲနေရာ ရှစ်ခု ဆောက်လုပ်ပြီးစီး၊ အားကစားကျေးရွာတွင် အဆောက်အအုံ ၇၈ လုံး သတ်မှတ်ပြီးစီး

၁၄ ကြိမ်မြောက် တရုတ်နိုင်ငံ အမျိုးသားအားကစားပွဲများ၏ တံဆိပ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အားကစားကျေးရွာတွင် အထပ်မြင့်အဆောက်အအုံ ၇၈ ခုစလုံးသတ်မှတ်ပြီးဖြစ်ကာ ယခုနှစ်ကုန်တွင် လုံးဝပြီးစီးမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် အားကစားပွဲများ၏ ရှီးအန်းအမှုဆောင်ကော်မတီ အဆိုအရ သိရသည်။

ထို့ပြင် ရှီးအန်း အိုလံပစ်အားကစားစင်တာ၊ ရေကူးနှင့်ဒိုင်ဗင်အားကစားရုံ နှင့် အခြားအဆောက်အအုံ ခြောက်ခုသည် စီစဉ်ထားသည့်အတိုင်း ပြီးစီးနေပြီဖြစ်သည်။
မာရသွန်ပြေးလမ်းကြောင်းကိုလည်း သတ်မှတ်ပြီးဖြစ်သလို တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်မှုများ ပြုလုပ်ရန်တင်သွင်းထားလျက်ရှိသည်။ လမ်းကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှု လုပ်ဆောင်ချက်များမှာလည်း ဆောင်ရွက်နေဆဲဖြစ်သည်။

၁၄ ကြိမ်မြောက် တရုတ်နိုင်ငံ အမျိုးသားအားကစားပွဲများ၏ လာဘ်ကောင်ရုပ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်းအမှုဆောင်ကော်မတီ၏ မြို့ပြဖွံဖြိုးရေးအဖွဲ့ ဒုတိယအကြီးအကဲ Wang Xuechao က ယခုနှစ်အစောပိုင်းက ကပ်ရောဂါ သက်ရောက်မှုကြောင့် ပြန်လာသူများသည် လုပ်ငန်းပြန်စရန် အချိန်မှန် ဆောင်ရွက်နိုင်ရန် မရှိခြင်းနှင့် ဆောက်လုပ်ရေးပစ္စည်းထောက်ပံ့မှုများလည်း ရပ်တန့်ခဲ့ရခြင်းများက အားကစားပြိုင်ပွဲကျင်းပမည့် အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအပေါ် သက်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ကပ်ရောဂါ၏ သက်ရောက်မှုကိုကျော်လွှားနိုင်ရန်အတွက် ရှီးအန်းမြူနီစီပယ်အစိုးရသည် ကပ်ရောဂါတားဆီးထိန်းချုပ်ရေး လုပ်ဆောင်ချက်များလုပ်ဆောင်နေစဉ်တွင် အားကစားအဆောက်အအုံဌာနများကို ဝန်ဆောင်မှုပေးနိုင်ရန် နှင့်လုပ်ငန်းပြန်လည် စတင်ရေးကူညီနိုင်ရန် သက်ဆိုင်သောဌာနများနှင့် တက်တက်ကြွကြွ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)