Connect with us

MYANMAR

ရခိုင်ပြည်နယ်တွင် ရောဂါကူးစက်မှုများ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး၊ နောက်ထပ် ဖြစ်ပွားမှုတွေ မရှိရေး၊  စားနပ်ရိက္ခာ ပြတ်လပ်မှုများ မရှိရေး တို့အတွက် အလေးထား ဆောင်ရွက်လျက် ရှိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အတွင်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

COVID – 19 ကပ်ရောဂါ ဖြစ်ပွားသူ ၄၃ ဒသမ ၇၈ ရာခိုင်နှုန်း  ရှိပြီး မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုအများဆုံးဒေသ ဖြစ်လာသည့် ရခိုင်ပြည်နယ်၌ ရောဂါကူးစက်မှုများ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး၊ နောက်ထပ် ဖြစ်ပွားမှုတွေ မရှိရေး၊  စားနပ်ရိက္ခာ ပြတ်လပ်မှုများ မရှိရေး တို့အတွက် နိုင်ငံတော် အစိုးရက အလေးထား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတ အိမ်တော်တွင် ယနေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သော ပုံမှန် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“အချိန်တိုအတွင်း ထိရောက် အောင်မြင်နိုင်ရေးက ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အရေးကြီးပါတယ်၊  ပြည်သူတွေ အနေနဲ့ ကျန်းမာရေး အသိပညာရှိရှိဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်း၊ မိမိတို့မိသားစု၊ ပတ်ဝန်းကျင်နှင့် အသိုက်အဝန်းကို ကာကွယ်ခြင်း၊ ရောဂါ ကာကွယ်ရေး နည်းလမ်း များ ကို လိုက်နာဖို့ အချင်းချင်း တိုက်တွန်းပေးခြင်းတို့ ဆောင်ရွက်ကြလျှင် ရောဂါ ဖြစ်ပွားမှု ကွင်းဆက်ဟာ တစ်ခုပြီး တစ်ခု ပပျောက်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုနှင့်် ပတ်သက်ပြီး ယနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၁၁၃၃ ဦး၊ တွေ့ရှိ ခဲ့ကြောင်း၊ ပြည်ပမှ ကူးစက်ဖြစ်ပွားလာသူ ၂၈၇ ဦး (၂၅ ဒသမ ၃၃ ရာခိုင်နှုန်း) ၊ ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားသူ ၈၄၆ ဦး(၇၄ ဒသမ ၆ ရာခိုင်နှုန်း) ရှိကြောင်း၊ ဖြစ်ပွားမှု ဒုတိယ အများဆုံး တိုင်းဒေသကြီး ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၈၁ ဦး(၄၂ ဒသမ ၄၅ ရာခိုင်နှုန်း)၊ ရခိုင်ပြည်နယ်မှာ ၄၉၆ ဦး(၄၃ ဒသမ ၇၈ ရာခိုင်နှုန်း)၊ ကရင်ပြည်နယ်မှာ ၂၉ ဦး (၆ ဒသမ ၅ ရာခိုင် နှုန်း)၊ ချင်းပြည်နယ်မှာ ၁၈ ဦး(လေး ရာခိုင်နှုန်းဖြစ်ကြောင်း)၊ဓာတ်ခွဲ အတည်ပြုလူနာ ၂၅ ရာခိုင်နှုန်းမှာ ရောဂါ လက္ခဏာ ပြသတာ တွေ့ရပြီး ၇၅ ရာခိုင်နှုန်းကတော့ ရောဂါ လက္ခဏာ ပြသခြင်း မရှိသည်ကို သိရှိရကြောင်း၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများနှင့် အနီးကပ် ထိတွေ့သူ စုစုပေါင်း ၃၅၅၇၃၁ ဦးရှိပြီး ၎င်းတို့အား အစိုးရ၏ အစီအစဉ်ဖြင့် အသွားအလာများ ကန့်သတ်ထားရှိကာ ထိန်းချုပ်ရေး ဆောင်ရွက်ထားကြောင်း၊ ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ ဖြစ်ပွားမှု များလာကြောင်း၊ ၎င်းတို့ကို Facility Quarantine Center များတွင် ထားရှိပြီး ကုသခဲ့ရာ ထိန်းချပ်နိုင်သည့် အနေအထားသို့ ရောက်ရှိ လာကြောင်း၊ ထပ်ပြီးပြန့်ပွားတာမျိုး မရှိသည်ကို တွေ့ရှိရကြောင်း၊ အတည်ပြုလူနာများ မသေဆုံးရေး၊ နောက်ထပ် မပြန့်ပွားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်ခွဲနမူနာများ အား စစ်တွေမြို့မှာပင် စစ်ဆေးနိုင်ရန် စစ်တွေ၌ စက်ကြီးနှစ်လုံး ထားရှိကြောင်း၊ သြဂုတ် ၂၀ ရက်နေ့တွင် နောက်ထပ် စက်တစ်လုံး ဖြည့်တင်း ပေးပို့ထားကြောင်း၊ ဓာတ်ခွဲမူနာများကို ရန်ကုန်သို့ ပို့ပြီး စစ်ဆေးခြင်းထက် စစ်တွေမှာပင် အမြန်စစ်ဆေးနိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သော COVID-19 ၏ မျိုးရိုး ဗီဇပြောင်းလဲခြင်း ရှိမရှိကို ဆေးသုတေသန (ရန်ကုန်) အဖွဲ့က ချက်ချင်း ဆောင် ရွက် ခဲ့ကြောင်း၊ နောက်ဆုံး အခြေအနေအရ စစ်တွေ၌ဖြစ်ပွားနေသည့် အနေအထားနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ ဆေးရုံများ ပြန်လည် ပြင်ဆင်ရကြောင်း၊ Quarantine စင်တာများ ၊ အထူး ကြပ်မတ် ကုသဆောင်များ တိုးချဲ့ကာ၊ မီးစက်များ၊ အသက်ရှူစက်များ ထပ်ဖြည့်ရ ကြောင်း၊ ရခိုင်ပြည်နယ်သို့ ရိက္ခာများ၊ ဆေးဝါးများ သယ်ယူပို့ ဆောင်ရာတွင် အခက်အခဲမရှိစေရန် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ ပါဝင်သည့် အဖွဲ့က ဆောင်ရွက် လျက် ရှိကြောင်း၊ စစ်တွေသို့ လူ – ကယ်-ပြန် ဝန်ကြီးဌာနက ဦးဆောင်သည့် Volunteer  နှစ်ရာ ပါသည့် အဖွဲ့ကို စေလွှတ်ထားကြောင်း၊ ရန်ကုန်နှင့် ရခိုင်တွင် ဆက်လက် ကူးစက်လာသည့် အနေအထားကို တွေ့ရှိရကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့နှင့် စေတနာ့ ဝန်ထမ်း အလှူရှင်များက ကဏ္ဍပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.