MYANMAR
YBS ယာဉ်လိုင်းများ ဇွန်လ တွင် ၇၅ ရာခိုင်နှုန်းအထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိ
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
လုပ်ငန်းများ၊ ကုမ္ပဏီများ မှ တစ်ချို့ မှာ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်သည့် အတွက် ဇွန်လတွင် YBS ယာဉ်အစီးရေ၇၅ ရာခိုင်နှုန်း အထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်ဦးရေမှာ ၃ ပုံ ၁ အထိစီးနင်းသူရှိလာပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ဆင်ဟွာကို ဇွန် ၁၃ ရက် တွင်ပြောသည်။
COVID-19 မတိုင်မီကာလ ပုံမှန်အခြေအနေမှာ အရင်က နေ့စဉ် ကားပေါင်း ၄၅၀၀ ကျော်ပြေးဆွဲပေးခဲ့ပြီး၊ အခုဆိုရင် နေ့စဉ် ကားစီးရေ ၃၇၀၀ ဝန်းကျင်ပြန်လည်ပြေးဆွဲပေးနေပါကြောင်း၊ ကားစီးရေ ၇၅ ရာခိုင်နှုန်းမှာ စီးသူဦးရေ ၃ ပုံ ၁ ပုံ ပဲ ရှိတဲ့အတွက် ယာဉ်လိုင်းတွေ က တွက်ချေမကိုက်တာတွေရှိကြောင်း၊ ဒါကြောင့် တတ်နိုင်သမျှ ဖြေလျှော့မှုတွေ ဆောင်ရွက်ပေးနေကြောင်းဒေါက်တာမောင်အောင်ကပြောသည်။
ဇွန် ၁၂ ရက်တွင် YBS ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၆၅၆) စီးဖြင့် ခရီးသည် (၇၆၅,၃၅၂) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာလမတိုင်ခင် ဘတ်(စ်)ကားတစ်စီးလျှင် ခရီးသည်စီးနင်းမှုနှုန်း နေ့စဉ် ၅၀၀ ခန့်ရှိပြီး မတ်လကုန်ပိုင်းနှင့် ဧပြီလရုံးပိတ် ရက်ကာလများတွင် လူဦးရေ ၇၀ မှ ၁၀၀ ခန့်ရှိ ကြောင်း၊ မေလပိုင်းတွင် ၂၀၀ မှ ၃၀၀ ခန့်အထိရှိပြီး ယခုအခါ ၃၀၀ မှ ၄၀၀ ခန့်အထိ စီးနင်းလာကြောင်း သိရသည်။ (Xinhua)