Connect with us

MYANMAR

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များ၌ ပြည်ပခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ဇွန် လကုန်ထိ ဆက်လက်ပိတ်ထားမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ခရီးသွားများ အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များဆိုက်ရောက်ခွင့်နှင့် ထွက်ခွာခွင့်များကို ဇွန် ၃၀ရက်နေ့ထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း  လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

COVID-19 ရောဂါပြန့်ပွားမှုကာကွယ်ရေးကြိုတင်စီမံချက်အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ  နိုင်ငံတကာ လေကြောင်းခရီးစဉ်များအားလုံး ဆိုက်ရောက်ခွင့်ကို ရက်တိုးပိတ်ပင်ခဲ့ကြောင်း ၎င်းကဆိုသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ရက် မြန်မာစံတော်ချိန် ၂၃း၅၉ နာရီမှရပ်ဆိုင်းခဲ့ပြီး ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ရက်တိုးပိတ်ပင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက် ၊ မြန်မာစံတော်ချိန် ၂၃.၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)မှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ယာယီဆိုင်းငံ့ချက်သည် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြုမည့် အထူးလေယာဉ်များအပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

“ ပြည်တွင်းခရီးစဉ်တွေတော့ ပုံမှန်အတိုင်းရှိနေမှာပါ၊သင်္ကြန်ကာလမှာတော့ လေကြောင်းအချို့ နားထားတာရှိပြီး အခုပုံမှန်အတိုင်းရှိနေပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.