ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် ဆက်လက် ကျဆင်းခဲ့ပြီး ၂၄ နာရီအတွင်း လူနာသစ် ၆၄၈ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကနေဒါနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂)ဦး တွေ့ရှိရကြောင်းနှင့် နိုင်ငံအများအပြားတွင် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် COVID-19 ကပ်ရောဂါ ကာလအတွင်း COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan – CERP)အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျပ် ၅၆၈.၆၄ ဘီလီယံ ထောက်ပံ့ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
ဒါကာ၊ဒီဇင်ဘာ၂၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဆောင်းရာသီကာလအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ဟောင်းရှိ လက်ကားအရောင်းဈေးကြီးတစ်ခုတွင် နှာခေါင်းစည်းများ နှင့် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများ(PPE)ကို ဝယ်ယူသူများဖြင့် စည်ကားနေကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ ဗဟိုအစိုးရ၏ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေကြသည့် အစိုးရဝန်ထမ်းများတွင် လူငယ်ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်း လုပ်ကိုင်ရသော အနေအထားကြောင့် အသက်(၂၀)ကျော်အရွယ် ဝန်ထမ်းငယ်များအနက် (၃၀)ရာခိုင်နှုန်း၏ အချိန်ပိုဆင်းချိန်သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေကြောင်း ဂျပန်အစိုးရ၏ ဒီဇင်ဘာ ၂၅ ရက်က...
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အစ္စရေးနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၂,၀၈၄)ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ (၄)သိန်းကျော် (၄၀၀,၀၉၉)ဦး သို့ရောက်ရှိလာခဲ့ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံတွင် COVID-19ရောဂါဖြစ်ပွားမှု သုံးရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း ယနေ့ ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဒီဇင်ဘာ ၂၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၂ ဦး ရှိရာ...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း သန်း ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားပြည်ဝင်ခွင့်အား ယာယီရပ်နားထားကြောင်း ဒီဇင်ဘာ ၂၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် မလေးရှားနိုင်ငံ၌ ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်ကာ အမြင့်ဆုံးစံချိန်ဖြင့် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာသစ် ၂,၃၃၅ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း နှင့် ယခုအခါ အတည်ပြုလူနာစုစုပေါင်း ၁၀၃,၉၀၀ ဦးထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက...