Connect with us

WORLD

တောင်အာဖရိက နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပိုမိုတင်းကြပ်စွာဆောင်ရွက် ၊ “Lockdown” ဆောင်ရွက်မှုအား တတိယ အဆင့်ထိ တိုးမြှင့်

တောင်အာဖရိကနိုင်ငံရှိ ကုန်တိုက်တစ်ခု တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ ဈေးဝယ်ထွက်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘတ် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တောင်အာဖရိက နိုင်ငံသမ္မတ Cyril Ramaphosa က တောင်အာဖရိက နိုင်ငံ ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့် “Lockdown” ဆောင်ရွက်မှုအား ပထမ အဆင့် မှ တတိယ အဆင့်ထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်၌ ပြောကြား ခဲ့သည်။

Cyril Ramaphosa က ရုပ်မြင်သံကြားမှ တစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် လတ်တလောကာလ အတွင်း တောင်အာဖရိက နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်မှုသည် လျင်မြနင်စွာတိုးမြင့်လားပြီး ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး က ယခင် COVID-19 ရောဂါပိုးထက် ကူးစက်မှု ပိုမိုပြင်းထန်သဖြင့် ကိပ်တောင်း ၊ ဂျိုဟန်နစ္စဘတ် နှင့် ပရီတိုးယား စသည့်မြို့ကြီးများသည် ကပ်ရောဂါ ဒုတိယလှိုင်း၏ ပြင်းထန်စွာရိုက်ခတ်မှုခံစားနေရကြောင်း ၊ ထို့ကြောင့် အစိုးရအနေဖြင့် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအချိန်မှ စတင်၍ လာမည့်နှစ် ဇန်နဝါရီ ၁၅ ရက် အချိန်ထိ “Lockdown” ဆောင်ရွက်မှုအား ပထမ အဆင့် မှ တတိယ အဆင့်ထိ တိုးမြှင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်အသစ်များအရ တောင်အာဖရိက နိုင်ငံတွင် အရက်နှင့် သက်ဆိုင်သော ပစ္စည်းများအားလုံး ရောင်းချခွင့် ပိတ်ပင်ကြောင်း ၊ နေ့စဉ် ည ၉ နာရီ မှ နောက်နေ့ နံနက် ၆ နာရီ အထိ ညမထွက်ရအမိန့်အဖြစ်ကြေညာကြောင်း ၊ အသုဘအခမ်းအနား မှ လွဲ၍ ကျန်သောလူစုလူဝေး ပြုလုပ်ခြင်းအားလုံးကို ကန့်သတ်ကြောင်း ၊ လူမှုပတ်ဝန်းကျင် ပုံမှန်လည်ပတ်နိုင်ရန်အတွက်လိုအပ်သော အရောင်းဆိုင်များမှလွဲ၍ အခြား အရောင်းဆိုင်များ နေ့စဉ် ၈ နာရီမတိုင်မီ ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

တောင်အာဖရိက နိုင်ငံသမ္မတ Cyril Ramaphosa က ပြည်သူများအား အများပြည်သူသွားလာရာ နေရာများတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန်၊ သတ်မှတ်ချက်အား မလိုက်နာပါက ငွေဒဏ် နှင့် အမြင့်ဆုံး ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ၊ တောင်အာဖရိကနိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၄ သောင်းကျော် COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး လက်ရှိတွင် ၎င်းတို့အနေဖြင့် ပိုမိုမြင့်မားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံအစိုးရ အနေဖြင့် ကပ်ရောဂါ အား ရင်ဆိုင်ဖြေရှင်းရန်အတွက် ယခုနှစ် မတ်လ ၂၆ ရက် မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အတင်းကြပ်ဆုံးဖြစ်သည့် ပဉ္စမအဆင့် “Lockdown” ဆောင်ရွက်မှုအား ချမှတ်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက် မှ စတင်၍ “Lockdown” ဆောင်ရွက်မှုအား အနိမ့်ဆုံးဖြစ်သည့် ပထမအဆင့်သို့ ပြောင်းလည်းသတ်မှတ်ကာ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည်။
စာရင်းပြုစုချက်များအရ ဒီဇင်ဘာ ၂၈ ရက် အချိန်ထိ တောင်အာဖရိက နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁,၀၁၁,၈၇၁ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၂၇,၀၇၁ ဦး ရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————————–
(Chinese Version)

(国际疫情)南非收紧疫情防控措施 “封城”等级升至三级

  新华社约翰内斯堡12月28日电(记者荆晶)南非总统拉马福萨28日宣布,南非进一步收紧新冠疫情防控措施,将“封城”等级从目前的一级上调至三级。
  拉马福萨当晚在全国电视讲话中说,新冠疫情最近在南非蔓延速度加快,变异病毒较之前病毒传染性更强,开普敦、约翰内斯堡、比勒陀利亚等大城市已成为第二波疫情的热点地区。因此,政府决定从28日午夜起至明年1月15日,将“封城”等级从一级上调至三级。
  根据新的防控规定,南非严禁一切酒类出售;每日21时至次日6时实施宵禁;除葬礼外,禁止一切聚集性活动;除维持社会正常运转所必需的营业场所外,其他营业场所每日20时前一律关门。
  拉马福萨表示,民众在公共场合必须戴口罩,否则将被处以罚款甚至最多6个月监禁。他说,南非已有超过4.1万名医护人员感染新冠病毒,他们“面临的风险比以前更大”。
  为应对疫情,南非政府从3月26日开始在全国范围内实施最严格的五级“封城”措施。9月16日,南非政府决定从当月20日起下调“封城”等级至最低的一级,有条件恢复社交、宗教以及政治集会,并缩短宵禁时间。
数据显示,截至12月28日,南非累计确诊病例1011871例,累计死亡病例27071例。(完)

Photo
新华社照片,约翰内斯堡,2020年11月27日
(国际疫情)(2)南非:疫情下的“黑五”购物季
11月27日,人们戴着口罩在南非约翰内斯堡一个商场内购物。
随着南非疫情逐步好转,商家们也纷纷在“黑五”购物季活动期间加大促销力度,吸引人们来到商场“血拼”。
新华社记者 陈诚 摄