Connect with us

WORLD

အစ္စရေးနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၄) သိန်းကျော်ရှိလာ၊ တတိယအကြိမ် တစ်နိုင်ငံလုံး “လော့ခ်ဒေါင်း”ပြုလုပ်

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiinမြို့တွင် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အစ္စရေးနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၂,၀၈၄)ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ (၄)သိန်းကျော် (၄၀၀,၀၉၉)ဦး သို့ရောက်ရှိလာခဲ့ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၇ ရက် ၁၇:၀၀ နာရီတွင် တတိယအကြိမ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ “လော့ခ်ဒေါင်း” စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းနေ့တွင် ထပ်တိုးသေဆုံးသူ (၁၉) ဦးဖြင့် စုစုပေါင်း သေဆုံးလူနာ (၃,၂၂၂) ဦး၊ အသစ်ထပ်တိုးရောဂါသက်သာပျောက်ကင်းသူ (၁,၅၀၁)ဦးဖြင့် စုစုပေါင်း ရောဂါ သက်သာပျောက်ကင်းသူ (၃၆၁,၃၁၇)ဦး ရှိကြောင်း သိရသည်။ ဒီဇင်ဘာလမှစ၍ ကပ်ရောဂါတစ်ကျော့ပြန်မှုသည် အစ္စရေးတွင် သိသိသာသာ ရှိလာခဲ့ရာ တစ်ရက်ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် ရက်အနည်းငယ်အကြာအထိ (၅,၀၀၀)ဝန်းကျင်တွင် ရှိနေခဲ့သည်။

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiinမြို့တွင် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တစ်နိုင်ငံလုံး”လော့ခ်ဒေါင်း”ပြုလုပ်မှုကို ရက်သတ္တပတ်နှစ်ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထိုမတိုင်မီက ထုတ်ပြန်သည့်သက်ဆိုင်ရာ အသေးစိတ်စည်းမျဉ်းစည်းကမ်းများအရ သိရသည်။ သတ်မှတ်ကာလ ပြီးဆုံးပါက ကိုရိုနာဗိုင်းရပ်စ်၏ကူးစက်မှုသည် ၁ ဂဏန်းအောက်နှင့် တစ်ရက်အတွင်း ထပ်တိုးကူးစက်မှုဦးရေ (၁,၀၀၀)အောက် ရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက “လော့ခ်ဒေါင်း”နည်းလမ်းများကို နောက်ထပ် ရက်သတ္တပတ်နှစ်ပတ် သက်တမ်းတိုးမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiinမြို့တွင် ကျန်းမာရေးဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ဓာတ်ခွဲနမူနာ ရယူနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“လော့ခ်ဒေါင်း”ကာလအတွင်း လူထုအနေဖြင့် နေအိမ်အကွာအဝေး(၁,၀၀၀)အတွင်း ရှိရမည်ဖြစ်ကြောင်း၊ အဆောက်အဦအတွင်း လူ(၁၀)နှင့်အထက်စုဝေးခြင်း၊ အဆောက်အဦပြင်ပတွင် လူ(၂၀)နှင့်အထက် စုဝေးခြင်းကို တားမြစ်ထားကြောင်းနှင့် ပါဆယ်စနစ်ဖြင့် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုမှအပ ကျန်စီးပွားရေးလုပ်ငန်းများနှင့် ဖျော်ဖြေရေး လှုပ်ရှားမှုများကို ပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiinမြို့တွင် ကျန်းမာရေးဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ဓာတ်ခွဲနမူနာ ရယူနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးတွင် ဒီဇင်ဘာ ၂၀ ရက်က စ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)က လာမည့်အပတ်မှစ၍ နေ့စဉ် ကာကွယ်ဆေး (၁၅၀,၀၀၀) ပံ့ပိုးသွားမည်ဟု ဒီဇင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။ လက်ရှိ အစ္စရေးသည် ကိုရိုနာဗိုင်းရပ်အခက်အခဲမှ ရုန်းထွက်ရန် အရေးကြီးအပိုင်းအခြားဖြစ်ရာ “လော့ခ်ဒေါင်း”ကာလအတွင်း လူထုအနေဖြင့် သက်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း ဆိုသည်။

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiinမြို့တွင် အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးတွင် မတ်လကုန်ပိုင်းမှစ၍ တင်းကြပ်သည့်”လော့ခ်ဒေါင်း”စသည့် ကန့်သတ်မှုနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ကပ်ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်ခဲ့သည်။ မေလလယ်၊လကုန်ပိုင်းလောက်မှစ၍ ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များကို တစ်စတစ်စဖြေလျှော့ခဲ့ရာမှ နောက်ပိုင်းတွင် ကပ်ရောဂါ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလလယ်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ “လော့ခ်ဒေါင်း”ပြုလုပ်ခဲ့ပြီး အောက်တိုဘာ လလယ်ပိုင်း ဖြေလျှော့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
#Israel, #COVID-19, #lockdown, #Xinhua, #အစ္စရေး, #ကိုဗစ်-၁၉, #လော့ခ်ဒေါင်း, #ဆင်ဟွာ
—————————————–
(Chinese Version)

(国际疫情)以色列累计确诊病例逾40万例 第三次实施全国“封城”

新华社耶路撒冷12月27日电(记者尚昊)以色列卫生部27日公布的数据显示,该国当天新增新冠确诊病例2084例,累计确诊逾40万例,达400099例。当天17时,以色列开始实施第三次全国范围“封城”措施。
  数据显示,以色列当天新增死亡病例19例,累计死亡3222例;新增治愈病例1501例,累计治愈361317例。进入12月以来,以色列疫情反弹明显,单日新增确诊病例数日保持在5000例左右高位。
根据以色列总理办公室和卫生部此前公布的相关细则,此次实施全国范围“封城”措施为期两周。期满后,除非新冠病毒基本传染数降至1以下且单日新增病例不超过1000例,否则“封城”措施将延长两周。“封城”期间,民众不可离家超过1000米,室内场所禁止10人以上集会,室外场所禁止20人以上集会,关闭配送服务以外的所有商业和娱乐活动。

  以色列20日启动新冠疫苗接种工作。以总理内塔尼亚胡26日表示,自下周起该国每日可提供15万剂新冠疫苗供接种使用。目前以色列正处于“摆脱新冠病毒困扰”的关键阶段,“封城”期间民众应遵守相关规定。
以色列从3月下旬开始实施严格的“封城”等限制措施,疫情一度好转。从5月中下旬开始,以色列逐步放松疫情限制措施,疫情出现反弹。以色列于9月中旬再度开始实施全国范围“封城”措施,并从10月中旬起逐步放松疫情限制措施。(完)

图说1-2:12月27日,在以色列中部城市莫迪因,一名男子接种新冠疫苗。新华社发(吉尔•科恩•马根摄)
图说3-4:12月27日,在以色列中部城市莫迪因,医务人员进行新冠病毒检测采样。新华社发(吉尔•科恩•马根摄)
图说5:12月27日,在以色列中部城市莫迪因,一名女子接种新冠疫苗。新华社发(吉尔•科恩•马根摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.