ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦးဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း(၆)သန်းကျော် ရှိလာပြီး၊ ပေါ်တူဂီနိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးလိုက်ကြောင်း နိုဝင်ဘာ ၂၁ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၀၄,၃၅၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၁...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာမည့်အပတ်မှစ၍ COVID-19 နှင့်ပတ်သက်သော အစီအစဉ်များ အနည်းငယ်ပြောင်းမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ်များထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၅၃၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၇၆,၄၁၄) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၁၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၆၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၀ ရက်ည ၈နာရီ...
စင်ကာပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံသည် အန္တရာယ်ကင်း၍ ဆေးစွမ်းထက်သော COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော Lianhe Zaobao သတင်းစာအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ယနေ့နိုဝင်ဘာ ၂၀ ရက်တွင်လှူဒါန်းခဲ့ပြိး အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါအား မည်ကဲ့သို့ အောင်မြင်စွာ ထိန်းချုပ်ထားသည်ဆိုသည်ကို အခြားသော နိုင်ငံများအတွက် နမူနာကောင်းတစ်ခုအဖြစ် တည်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇၅,၀၀၀နီးပါ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘောဒီးယားနိုင်ငံတွင် အစောပိုင်းက COVID-19 ကူးစက်ခံရသောဧည့်သည်တစ်ဦးနှင့် ထိတွေ့မိသူ ၁,၄၂၀ ဦးခန့်တွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီးနောက် စာသင်ကျောင်းများ၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် မင်္ဂလာဆောင်အခမ်းအနားများ အားလုံးပြန်လည်ဖွင့်လှစ်ကျင်းပရန် ဝန်ကြီးချုပ် Samdech Techo Hun...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံတွင် လက်ရှိ၌ ပြည်ပနိုင်ငံအချို့တွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေသော COVID-19 ကာကွယ်ဆေး ငါးမျိုးရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။