Connect with us

WORLD

ဘရာဇီးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း(၆)သန်းကျော် ရှိလာ၊ ပေါ်တူဂီတွင် အမျိုးသားအရေးပေါ်အခြေအနေ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုး

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မြင်ကွင်းအချို့အား နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(Photo by Rahel Patrasso/Xinhua)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း(၆)သန်းကျော် ရှိလာပြီး၊ ပေါ်တူဂီနိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးလိုက်ကြောင်း နိုဝင်ဘာ ၂၁ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၂၁ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၅ နာရီ ၄၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၆၄၁,၆၆၉ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၁,၇၅၂ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၇,၂၇၄,၀၁၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၃၆၈,၀၀၀ ဦး ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မြင်ကွင်းအချို့အား နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(Photo by Rahel Patrasso/Xinhua)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၂၂ ရက် ၇ နာရီ ၂၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၇,၉၇၄,၆၆၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၃၇၈,၅၆၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ ၁၂,၀၅၁,၂၅၃ ဦး နှင့် သေဆုံးသူ ၂၅၅,၅၄၁ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၆)သန်းကျော် ရှိပြီဖြစ်ရာ ကမ္ဘာတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံ ပြီးလျှင် တတိယမြောက် အတည်ပြုလူနာဦးရေ (၆)သန်းကျော်သည့် နိုင်ငံဖြစ်လာကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန့်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မြင်ကွင်းအချို့အား နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(Photo by Rahel Patrasso/Xinhua)
ပေါ်တူဂီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အမျိုးသား အရေးပေါ်အခြေအနေကို ဒီဇင်ဘာ ၈ ရက်အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ပေါ်တူဂီ သမ္မတMarcelo Rebelo de Sousaက နိုဝင်ဘာ ၂၀ ရက် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက် ၀၀:၀၀ နာရီမှ ၁၉: ၃၀ မိနစ်အထိ ကိုဗစ်အသစ်ထပ်တိုး အတည်ပြုလူနာ ၂,၅၈၆ ဦးရှိဖြင့် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ပထမဦးဆုံးအကြိမ် ၂,၅၀၀ ကျော် ရှိခဲ့ခြင်း ဖြစ်ရာ စုစုပေါင်း အတည်ပြုလူနာ ၁၃၀,၉၄၁ ဦး ၊ အသစ်ထပ်တိုး သေဆုံးသူ ၇ ဦး ဖြင့် စုစုပေါင်း သေဆုံးသူ ၁,၉၇၆ ဦး ရှိကြောင်း သိရသည်။

ကနေဒါနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ အမြောက်အမြားတိုးပွားလာမှုကြောင့် ပြည်သူလူထုအနေဖြင့် နိုင်ငံ၏အနာဂတ်အတွက် ကပ်ရောဂါထပ်မံတစ်ဆင့်ဆိုးဝါးလာမှုကို တတ်နိုင်သမျှ ကာကွယ်တားဆီးကြရန် ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ‘က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ကနေဒါတွင် လူအများ အိမ်ပြင်သို့ ခြေမလှမ်းကြဘဲ အိမ်တွင်သာ အလုပ်လုပ်ကိုင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံက ကန်ဒေါ်လာ သန်း(၅၀၀)ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနပြုရန် ထုတ်ပေးထားပြီဖြစ်ကြောင်း ဆော်ဒီ ကျန်းမာရေးဝန်ကြီး Tawfig F. AlRabiahက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ကူးစက်ရောဂါမှန်သမျှကို ရင်ဆိုင်ဖြေရှင်းရန်၊ ကိုဗစ် ကပ်ရောဂါကဲ့သို့ နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရန် ကမ္ဘာကြီးသည် အလိုက်သင့်ပြောင်းလဲနိုင်မှုပိုရှိသည့် စနစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အီရတ်နိုင်ငံတွင် ကိုဗစ် အသစ်ထပ်တိုးလူနာ ၂,၅၄၃ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၃၁,၇၆၉ ဦး ရှိလာပြီဖြစ်ကြောင်း ယင်းနိုင်ငံ နိုဝင်ဘာ ၂၀ ရက် အစီရင်ခံချက်များအရ သိရသည်။ အချို့ပြည်သူလူထုများက ကပ်ရောဂါ ကာကွယ်ရေးအသိနည်းပါးခြင်း၊ သာရေးနာရေး ဘာသာရေးပွဲများတွင် လူသူစုဝေးခြင်း၊ ဆောင်းရာသီသည် အသက်ရှူလမ်းကြောင်းရောဂါ အဖြစ်များသော ကာလ ဖြစ်ခြင်း တို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါအန္တရာယ်အဆင့်ဖြစ်ပွားလာမှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)
 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.