Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁,၃၉၈ ဦး ထပ်တိုး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁,၀၇၉ ဦးရှိ

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်ထားသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၃၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၀၇၉ ဦး နှင့် သေဆုံးသူ ၁၇ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၈၈၁ ခုအား စစ်ဆေးပြီးစီးခဲ့နောက် လူနာသစ် ၁,၃၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၀၇၉ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၃၄၅ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၇၃၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယနေ့ သေဆုံးသူ ၁၇ ဦးအနက် ရောဂါအခံရှိသူ ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၁၄၁၉ ဦးတွင် Hotel Quarantine တွင် ၁၅၈ ဦး၊ Facility Quarantine တွင် ၂၉၂ ဦး၊ Community Based Facility Quarantine တွင် ၇၁၈ ဦးနှင့် Anosmia Center တွင် ၂၅၁ ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၁၉,၂၃၈ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၇၉,၂၄၆ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၈,၇၅၈ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၇၃၉ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)