Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၅၃၂)ဦးတွေ့ရှိ၊ (၁၉)ဦးသေဆုံး

နှာခေါင်းစည်းဖြင့်သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 အတည်ပြုလူနာသစ် (၁,၅၃၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၇၆,၄၁၄) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၁၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၆၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၀ ရက်ည ၈နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၉၆၈)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၆,၆၀၁)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၆,၉၉၉) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၉၈၆,၂၆၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၁၉)ဦးအနက် ရောဂါအခံရှိသူ (၁၇)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၉၆၈) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၃၃၈)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၆၃၀)ဦး ပါဝင်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၅၆၀)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၉၉၇) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၁၉၇)ဦး၊ပဲခူးတိုင်းဒေသကြီးမှ(၁၆၇)ဦး၊ မွန်ပြည်နယ်မှ (၆၆)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ(၄၂)ဦး၊ရခိုင်ပြည်နယ်မှ (၂၈) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၆)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၅)ဦး၊ကရင်ပြည်နယ်မှ (၁၀)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ (၈)ဦး၊ နေပြည်တော်မှ (၆)ဦး၊ ချင်းပြည်နယ်မှ (၄)ဦး၊ရှမ်းပြည်နယ်မှ (၃)ဦး နှင့် ကချင်ပြည်နယ်မှ (၁)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၅၆၀)ဦးတွင် အနံ့မရရှိသူ (၃၃၆)ဦးပါရှိကြောင်း သိရသည်။ (Xinhua)