Connect with us

MYANMAR

ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိ

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၀၄,၃၅၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၁ ရက်ည (၈) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ဒီနေ့ထုတ်ပြန်တဲ့စာရင်းအရ ပိုးတွေ့နှုန်း၇ ဒဿမ ၉ ရာခိုင်နှုန်း၊ ဒီနေ့သေဆုံးနှုန်း ၂ ဒဿမ ၂ရာခိုင်နှုန်းရှိပါတယ်။’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

ယနေ့တွင် (၂၇)ဦးထပ်မံသေဆုံးခဲ့ပြီး ရောဂါအခံရှိသူ ၂၃ ဦးပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ COVID ရောဂါကူးစက်ခံရသူစုစုပေါင်း (၇၇,၈၄၈)ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁,၇၂၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၇၈)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၇,၆၇၉)ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း (၁၆,၉၉၉) ခု အားစစ်ဆေးခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုးတွေ့ရှိသူ(၁,၅၃၂)ဦးရှိခဲ့သဖြင့် ပိုးတွေ့ရှိမှုနှုန်း ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပိုးတွေ့ရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁,၁၄၂) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၁၁၁)ဦး၊ ၊ဧရာဝတီတိုင်းဒေသကြီးမှ(၇၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၆၉)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃၇)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၅)ဦး၊ မွန်ပြည်နယ်မှ (၂၄)ဦး၊ ရခိုင်ပြည်နယ်မှ (၁၆)ဦး၊ ရှမ်းပြည်နယ်မှ (၁၆)ဦး၊ ကရင်ပြည်နယ်မှ (၇)ဦး၊ နေပြည်တော်မှ (၃)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃)ဦး၊ ချင်းပြည်နယ်မှ (၁)ဦးနှင့် ကယားပြည်နယ်မှ (၁)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၅၃၂)ဦးတွင် အနံ့မရရှိသူ (၃၅၄)ဦးပါရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117