ချင်းသောင်၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် လူပေါင်း ၁ သန်းကျော်အား Nucleic acid ဓါတ်ခွဲနမူနာများ ရယူခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတို့အနက် လူပေါင်း ၃ သိန်း ၁သောင်းကျော်၏ ဓါတ်ခွဲနမူနာများ စစ်ဆေးပြီးချိန်ထိ ရောဂါပိုး ကူးစက်ခံရသူ မတွေ့ရှိရသေးကြောင်း အောက်တိုဘာ ၁၂ ရက်...
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Johnson & Johnson က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး ဖျားနာလာခြင်းကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တန့်ထားကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု...
ဂျီနီဗာ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဗဟိုဥရောစံတာ်ချိန် အောက်တိုဘာ ၁၀ ရက် ၁၅ နာရီ မိနစ် ၄၀ အထိ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေသည် ပြီးခဲ့သောရက်ကထက် ၃၈၃,၃၅၉ ဦး တိုးမြင့်လာရာ ၎င်းမှာ ကိုဗစ် ဖြစ်ပွားသည့်ကာလမှစ၍ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် အများဆုံးဖြစ်ခဲ့ကြောင်း...
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွား ၊ သေဆုံးမှု အခြေအနေအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၃၄၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့်...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့နေပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဆေးဘက်ဆိုင်ရာသုတေသနပြုချက်အရ ဗိုင်းရပ်စ်သည် တစ်ဖန်ပြန်လည် ကူးစက်မှု ဖြစ်ပေါ်နိုင်ကြောင်း အကြံပြုထားစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ယခုအခါ“ ခံနိုင်ရည်” ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၁,၉၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၇,၉၇၄) ဦးရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် စံချိန်တင်တိုးမြင့်လာကြောင်းနှင့် အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းကို ဝမ်းနည်းဖွယ် ဖြစ်ရပ်သို့ ရောက်စေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ ထိပ်တန်းဂျာနယ် The New England Journal of Medicine(NEJM)က ဖော်ပြခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက်...