ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်အား အလုံးစုံ Lockdown လုပ်ရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး လတ်တလော၌ အစီအစဉ် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖျားနာကုအခမဲ့ဆေးခန်း (Community Fever Clinic) များ နှင့် တွဲဖက်၍ Isolation Center များစတင်ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်ဖွင့်လှစ်သွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ...
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။
ဘာလင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ကာကွယ်ဆေးနှင့် ဇီဝဆေးပညာဗဟိုအဖွဲ့ Paul-Ehrlich-Institut (PEI) သည် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၃ ကို အောက်တိုဘာ ၂ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါကူးစက်ခံရပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုများ နောက်ထပ်ရက်အနည်းငယ် ဆက်လက်ခံယူမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် ( ၁၁၄၂) ဦး အားစံချိန်တင်တွေ့ရှိခဲ့ပြီး (၃၂) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၅၃) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က အောက်တိုဘာ ၂...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပုဂ္ဂလိကနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများသည် ယနေ့(အောက်တိုဘာ ၂ ရက်) ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။
ဗြူနိုအေးရိစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၏ မြို့တော် ဗြူနိုအေးရိစ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID-19ရောဂါအား ကာကွယ်နိုင်ရန် လူသားများအတွက် စိတ်ချလုံခြုံမှုရှိစေမည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းကိရိယာသစ်တစ်မျိုး ကို တီထွင် ထုတ်လုပ်ခဲ့သည်။ ၎င်း အကာအကွယ် ပစ္စည်းကို ကော်ပြားအကြည်ဖြင့်ပြုလုပ်ထားပြီး ဦးခေါင်းမှ ပုခုံးအထိ ဝတ်ဆင်ရကာ...