Connect with us

WORLD

အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် နှင့် ဇနီး က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း သိရှိရ

အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

ဘိုင်ဒန် က လူအများအား ကပ်ရောဂါနှင့်ရင်ဆိုင်ရာတွင် နှာခေါင်းစည်းတပ်ဆင်ရမည် ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးတွင် နေထိုင်ကာ မကြာခဏ လက်ဆေးကြရန် သတိပေးလိုကြောင်း ပြောကြား ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်း Kamala Harris သည်လည်း အောက်တိုဘာ ၂ ရက် တွင် ရောဂါ ကူးစက်မှု ရှိမရှိစစ်ဆေးခဲ့ရာ ကူးစက်ခံရခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၂ ရက် နံနက်ပိုင်းအချိန်တွင် လူမှုကွန်ယက်စာမျက်နှာ ၌ ၎င်း နှင့် ဇနီး အနေဖြင့် COVID-19 ရောဂါ စစ်ဆေးခဲ့ရာ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး သီးသန့်ခွဲခြားနေထိုင်၍ ဆေးဝါးကုသမှုခံယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံ ဒုတိယသမ္မတ နှင့် ဇနီး ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ၊ ဒေါ်နယ်ထရမ့် ၏ မိသားစုဝင်တို့က အောက်တိုဘာ ၂ ရက် ၌ COVID-19 ရောဂါ စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ရောဂါကူးစက်ခံရမှု မရှိကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း ဘိုင်ဒန် အနေဖြင့် စက်တင်ဘာ ၂၉ ရက် ၌ ဒေါ်နယ်ထရမ့်နှင့် အတူတကွ သမ္မတကိုယ်စားလှယ်လောင်း ပထမအကြိမ်စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ပြီး အချိန် ၉၀ မိနစ်ခန့် စကားစစ်ထိုးပွဲ ပြုလုပ်စဉ် ၎င်းတို့နှစ်ဦးက လက်ဆွဲနှုတ်ဆက်ခြင်း နှင့် အနီးကပ်ထိတွေ့မှု မရှိခဲ့သော်လည်း နှစ်ဦးလုံးက နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.